Friday, September 16, 2016

သေလုဆဲဆဲ အဘိုးအို၏ဆန္ဒကို မန်ယူအသင်းသားများ ဖြည့်ဆည်းခဲ့




မသေခင် မန်ယူ အသင်းသားတွေနဲ့ တွေ့ချင်တဲ့ ကင်ဆာဝေဒနာရှင် အဘိုးအိုဟာ သူ့ရဲ့ရည်မှန်းချက် ပြည့်ဝပြီးနောက် ၄၅ မိနစ်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၇၃ နှစ်အရွယ် အဘိုးအို ပက်ဒီဟာ ဆီးကျိတ်ကင်ဆာ ရောဂါခံစားနေရသူပါ။
သူ့မိသားစုက ပက်ဒီကို နောက်ဆုံးဆန္ဒအနေနဲ့ ဘာလုပ်ချင်လဲလို့ မေးတော့ ပက်ဒီက သူ တစ်သက်လုံး အားပေးလာတဲ့ မန်ယူအသင်း အသင်းသားတွေနဲ့ တွေ့ခွင့်ရချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒီနောက်မှာ ပက်ဒီရဲ့မြေးဖြစ်သူ ကေလစ်ခ်ျက ဒီအကြောင်းကို ဖေ့ဘွတ်မှာ
ရေးသားဖော်ပြခဲ့ပြီး သူ့ရဲ့ပို့စ်ကို Share ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

ကေလစ်ခ်ျရဲ့ပို့စ်ကို လင်ဂတ်ရဲ့ ညီမ၀မ်းကွဲ တစ်ယောက်က တွေ့ခဲ့ပြီး လင်ဂတ်ကို ပြောပြခဲ့ရာမှာ လင်ဂတ်၊ ရက်ရှ်ဖို့ဒ်၊ အက်ရှ်လေယန်းနဲ့ တိုင်မိုသီတို့က အဘိုးအို ပက်ဒီထံကို လာရောက်အားပေး
နှစ်သိမ့်ခဲ့ကြပါတယ်။ မန်ယူ ကစားသမားတွေ ဆေးရုံက ပြန်ခဲ့ပြီးနောက် ၄၅ မိနစ်အကြာမှာ ပက်ဒီ ကွယ်လွန်ခဲ့တာပါ။ အဘိုးဖြစ်သူကို လာရောက်အားပေးခဲ့တဲ့ မန်ယူ ကစားသမားတွေဟာ ပရဟိတ စိတ်ရှိသူတွေလို့ ကေလစ်ခ်ျက ချီးကျူးခဲ့ပါတယ်။
#Credit
www.yoyarlay.com

No comments:

Post a Comment