Thursday, January 12, 2017

ဆန်းဆန်းပြားပြား လိင်ဆက်ဆံတဲ့ စုံတွဲကို ကယ်ဆယ်ရေးအဖွဲ့ ကူညီခဲ့ရ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မိုတယ်တစ်ခုတွင် ဆန်းဆန်းပြားပြား အနေအထား ပုံစံနှင့် ဧည့်သည်ကို လိင်ဖျော်ဖြေခဲ့သည့် ကြေးစားမယ်တစ်ဦး ပြတ်ရှဒဏ်ရာများနှင့် သွေးထွက်လွန်ခဲ့သည့်အတွက် ကယ်ဆယ်ရေးအဖွဲ့ကို လှမ်းခေါ်ခဲ့ရကြောင်း သိရှိရသည်။
 
လိင်ဆက်ဆံရာတွင် သာမန်ပုံစံ အနေအထားမျိုးမဟုတ်ပဲ အဆန်းထွင်၍ မိုတယ် အခန်းအတွင်းရှိ ကော်ဖီသောက်မှန်စားပွဲပေါ်တွင် လေးဖက်ထောက် ဆန်ဆန်ပုံစံမျိုးနှင့် လိင်ဆက်ဆံနေစဉ် အဆိုပါ စားပွဲမှန် ကွဲပြီးနောက် မှန်၏ အစိတ်အပိုင်းများက အမျိုးသမီးကို ထိုးမိပြတ်ရှခဲ့ခြင်းဖြစ်သည်။ အဖော်အမျိုးသားလည်း ဘာလုပ်၍ ဘာကိုင်ရမည်မသိပဲ နောက်ဆုံးတွင် ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ 
 
ရဲစခန်းမှ ကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့ပြီး ကယ်ဆယ်ရေး ရောက်လာချိန်တွင် ကုတင်ပေါ်၌ သွေးအလိမ်းလိမ်းနှင့် ငိုရှိုက်နေသော အမျိုးသမီးကို တွေ့ခဲ့ရပြီး သွေးတိတ်အောင် အမြန်လုပ်ဆောင်ပေးခဲ့ရသည်။ အမျိုးသားမှာ ရှက်ကိုးရှက်ကန်းဖြစ်နေပြီး အခြေအနေများ ရှင်းလင်းသွားသည်အထိ ခတ္တထိမ်းသိမ်းခံထားရသည်။
 
Source:TheSun
 

No comments:

Post a Comment