အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ သမ္မတမဖြစ်ခင်မှာ သတင်းဆိုးတွေ တစ်မျိုးပြီး တစ်မျိုး ထွက်ပေါ်ခဲ့ပါတယ်။ ရုရှဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကို Hacker တွေ နှောင့်ယှက်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက်၊ ရုရှနိုင်ငံက တရားဝင်ခန့်အပ်ထားတဲ့ သံတမန်တွေကို အိုဘားမားက သူလျှိုလုပ်မှုနဲ့ နှင်ထုတ်ခဲ့ပါတယ်။
အဲဒီနောက်မှာ ရုရှသူလျှိုတွေဟာ သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ငွေရေးကြေးရေးအရ အပေးအယူတွေလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် ထရမ့်ဟာ အိုဘားမားနဲ့ဇနီး ရုရှကိုသွားစဉ် တည်းခိုခဲ့သည့် မော်စကိုရှိ Ritz hotel ရှိ အိပ်ခန်းကို ပြည့်တန်ဆာမများအား တစ်ညလျှင် ပေါင် 1400 ခန့်ပေးပြီး ရှုးနဲ့ပန်းခိုင်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။
မော်စကိုရှိ Ritz-Carlton Moscow ဟိုတယ်ဟာ 2590 စတုရန်းပေ ကျယ်ဝန်းပြီး၊ ကရင်မ်လင်နန်းတော်၊ ရင်ပြင်နီနဲ့၊ St Basil’s Cathedral တို့ကို မျက်နှာမူ တည်ဆောက်ထားတဲ့ အီတလီစတိုင်ဟော်တယ်ကြီး ဖြစ်ပါတယ်။ အိုဘားမားနဲ့ မီရှယ်တို့ ဇနီးမောင်နှံဟာ 2009 ခုနှစ် ဇူလိုင်မှာ မော်စကိုကို နိုင်ငံရေးဆွေးနွေးမှုအတွက် သွားရောက်စဉ် အဆိုပါ ဟိုတယ်မှာ တည်းခိုခဲ့ပါတယ်။
ထရမ့်ဟာလည်း 2013 ခုနှစ်မှာ ရုရှကိုသွားရောက်ခဲ့ပြီး Miss Universe ပွဲကို တက်ရောက်ခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ လက်တလော ထွက်ရှိလာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ထရမ့်ဘက်က တုန့်ပြန်မှုကို မတွေ့ရသေးပါဘူး။ ဒါပေမယ့် သတင်းစာတော်တော်များများကတော့ ထရမ့်ရဲ့ လုပ်ရပ်ကို ဇောင်းပေးရေးသားထားတာကို တွေ့ရပါတယ်။
Ritz-Carlton Moscow ဟိုတယ်ဟာ ရုရှနိုင်ငံရဲ့ အဆင့်မြင့်ဆုံး ဟော်တယ်ငါးခုမှ တစ်ခုအပါအ၀င်ဖြစ်ပြီး၊ ဇိမ်ခံပစ္စည်းတွေ၊ တန်ဖိုးကြီး အိမ်ထောင်ပရိဘောဂတွေနဲ့ ခင်းကျင်းစီရင်ထားလို့၊ ရုရှအစိုးရကလည်း နိုင်ငံခြားအရေးကြီးပုဂ္ဂိုလ်တွေ လာတဲ့အခါတိုင်း အဆိုပါ ဟိုတယ်မှာသာ တည်းခိုစေတယ်လို့ သိရပါတယ်။
Credit >>
လင်းဇော်ကို (Shwemom)





No comments:
Post a Comment