Tuesday, August 2, 2016

စိတ်ဖိစီးမှုကင်းကင်းနဲ့ အောင်မြင်တဲ့ဘ၀ကိုတည်ဆောက်နိုင်ဖို့


စိတ်ဖိစီးမှုဖြစ်ခြင်းက  ရုပ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်မှုရှိသလို စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း ကျန်းမာရေးအရ ဆိုးရွား တဲ့ရလဒ်တွေဖြစ်ပေါ်စေပါတယ်။အရာအားလုံး ပြီးပြည့်စုံခြင်းမရှိတဲ့ သဘာဝတရားအရ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်ညစ်ခြင်း၊စိတ်ရှုပ်ခြင်း စသဖြင့် ကြုံတွေ့ရနိုင်ပေမယ့် ခံစားချက်တိုင်းကို အလွယ်တကူ လက်ခံပြီး သင့်စိတ်ကို ဖိစီး စေမယ်ဆိုရင်တော့ ရှေ့လျှောက်ရမယ့် သင့်ဘ၀ခရီးလမ်း တွင်မှာမဟုတ်တော့ပါဘူး။ သင့်ဘ၀မှာ ပါဝင်ပတ် သတ် နေတဲ့အကြောင်းအရာတွေက သင့်ကို ဘယ်လိုဦးဆောင်လမ်းပြသွားသလဲဆိုတာထက် အဲဒီပါဝင်ပတ်သက်နေ တဲ့အကြောင်းအရာတွေကို သင့်ဘ၀အတွက် အသုံးချပြီး ဘယ်လိုအကောင်အထည်ဖော်သွားမလဲဆို တာကသာ အရေးကြီးတာပါ။ဒီလို စိတ်တိုင်းကျ အောင်မြင်တဲ့ဘ၀ကို တည်ဆောက်နိုင်ဖို့ဆိုရင် သင့်အနေနဲ့ စိတ်ဖိစီးမှုကင်းကင်းနဲ့ ရှိနေဖို့လိုပါတယ်။

တရားထိုင်ပါ
စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို စိတ်နဲ့ကုစားရတာက ပိုပြီး ထိရောက်ပါတယ်။တခါတရံ ခက်ခဲနိုင်ပေမယ့် အခက်အခဲ ကိုကျော်ဖြတ်ပြီးမှရရှိတဲ့ ရလဒ်က ကိုယ်နဲ့ပိုပြီး ထိုက်တန်ပါတယ်။အရင်ဆုံး သင့်စိတ်ကို တည်ငြိမ်အောင် ကြိုးစား ပါ။နောက်တစ်ဆင့်အနေနဲ့ တရားထိုင်ဖို့ စတင်ပါ။တရားထိုင်ခြင်းက စိတ်ခွန်အားတိုးပွားဖို့ အကောင်းဆုံးနည်းလမ်း တစ်ခု ဖြစ်သလို အနည်းဆုံး လူက တည်ငြိမ်နေခြင်းကြောင့် စိတ်ရဲ့ အာရုံစူးစိုက်မှုက ပိုမြင့်လာပါလိမ့်မယ်။တစ်နေ့ကို အနည်းဆုံး ငါးမိနစ်မှ ဆယ်မိနစ်အထိ တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်တက်လာ ပါလိမ့်မယ်။ သင့်အနေနဲ့တရားထိုင်ခြင်းကို နည်းလမ်းနဲ့တကွဖော်ပြပေးတဲ့ app၊ စာအုပ်တို့ကနေတဆင့် သင်ယူလုပ်ဆောင်နိုင်ပါ တယ်။

စာဖတ်ပါ
သင့်ရဲ့ ကိုယ်ပိုင် အချိန်တွေမှာ  စာဖတ်ချိန်အတွက် နေ့စဉ် နာရီဝက် အချိန်ပေးပါ။University of Sussexရဲ့ သုတေသ နပြုမှုတွေအရ စာဖတ်ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး ၆မိနစ်ခန့် စာဖတ်ခြင်းကြောင့် စိတ်ဖိစီးမှုရဲ့ ၆၈ရာခိုင်နှုန်း ကို လျှော့ကျစေတယ်လို့ ဆိုပါတယ်။အကောင်းဆုံးကတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ ထိုင်ပြီး စာဖတ်ခြင်းက ပိုပြီး ထိရောက်မှုရှိစေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုကို လျှော့ချတဲ့နေရာမှာ အံ့သြစရာကောင်းလောက်အောင် ထိရောက်မှုရှိတယ်ဆို တာလေ့လာမှုတွေပြုလုပ်ထားပါတယ်။လေ့ကျင့်ခန်းလို့ ဆိုတဲ့နေရာမှာ သင့်ခန္ဓ္ဓ္ဓာကိုယ်ကို လှုပ်ရှားမှုဖြစ်စေတဲ့ဘယ် အပြုအမူမျိုးကိုမဆို ဆိုလိုပါတယ်။သင့်အနေနဲ့ သင်တန်းခန်းမသွားပြီး လုပ်ဖို့ တွန်းအားမဖြစ်စေပါဘူး။လမ်း ပုံမှန်လျှောက်     ခြင်း၊ ခပ်ရွရွပြေးခြင်း၊ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း စသဖြင့် ကိုယ်လက် လှုပ်ရှားမှုဖြစ်စေဖို့ပဲဖြစ်ပါ တယ်။လေ့လာမှုတွေအရ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူတစ်ယောက်အတွက် ဦးနှော်က် လုပ်ငန်းစဉ်တိုးတက်နှုန်းနဲ့ မှတ်ဥာ ဏ်စွမ်းအား ၂၀ရာခိုင်နှုန်းခန့်တိုးတက်လာတယ်လို့ဆိုပါတယ်။

နည်းပညာတွေနဲ့ခပ်ဝေးဝေးနေပါ
နည်းပညာဆိုင်ရာအသုံးအဆောင်ပစ္စည်းတွေက သင့်ရဲ့ အားလပ်ချိန်တွေကို တဖြည်းဖြည်းတိုက်စားနေပါ တယ်။စိတ်ဖိစီး မှု၊ စိတ်မပျော်ရွှင်မှုတွေကို  ပြင်ပ လူမှုရေး၊စီးပွားရေး အဆင်မပြေမှုတွေကနေ တိုက်ရိုက်ခံစားနေရသလို လူမှုကွန်ရက်စာ မျက်နှာက အကြောင်းအရာတွေကြောင့်လည်း စိတ်ဖိစီးမှုကိုဖြစ်စေပါတယ်။ မကြာသေးမီက လေ့လာမှုတစ်ခုမှာ စိတ် ဓာတ် ခုခံအားမကောင်းတဲ့သူတွေအနေနဲ့ လူမှုကွန်ရက်(facebook)သုံးစွဲမှုကို လျှော့ချသင့်ပြီး သူက စိတ်ဓာတ်ကျ ခြင်း နဲ့ မနာလိုမှုဖြစ်ခြင်းတို့ကိုဖြစ်ပေါ်စေကြောင်းတွေ့ရှိရပါတယ်။ဒါကြောင့် တခါတလေမှာ နည်းပညာဆိုင်ရာ အသုံးအ ဆောင်ပစ္စည်းတွေကို ခဏလောက် ပါဝါပိတ်ထားပါ။အေးပြီး ခြောက်သွေ့တဲ့ အခန်းထဲမှာ မီးပိတ်ပြီး ၁၅မိနစ် ခန့်လဲလျောင်းနေခြင်းအားဖြင့် ဦးနှောက်လုပ်ငန်းစဉ်တွေနဲ့ စိတ်ပင်ပန်းမှုတွေကို ပြန်လည် အားပြည့်စေပါလိမ့်မယ်။

အသုံးမ၀င်တာတွေဖယ်ရှားပါ
စိတ်ဖိစီးမှုကို အဓိကဖြစ်စေတာကတော့ မလိုအပ်ပဲ စိတ်ပင်ပန်းရခြင်းကြောင့်ဖြစ်ပါတယ်။တခါတလေ လွယ်ကူရိုးရှင်းစွာ ပြီးမြောက်နိုင်တဲ့ လုပ်ငန်းတစ်ခုအတွက် စိုးရိမ်ပူပန်မှုဖြစ်ပြီး စိတ်ပင်ပန်းနေတတ်တာမျိုးတွေကြုံဖူးကြမှာပါ။ဒ့ါအပြင် ခက်ခဲ တဲ့ ကိစ္စတစ်ခုဖြစ်ရင်တောင် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကိုပြောင်းလဲစဉ်းစားခြင်းအားဖြင့် မိမိရဲ့စိတ် ကို ပေါ့ ပေါ့ပါးပါးအနေအထားသို့ရောက်အောင် ကြိုးစားပါ။တခါတလေမှာ “This will too pass”ဆိုတဲ့အတိုင်း အရာ အားလုံးက ခရီးဆုံးရောက်အောင်ပြီးမြောက်သွားတာချည်းပါပဲ။ဒါကြောင့် သင့်အနေနဲ့မလိုအပ်ဘဲ စိုးရိမ်ကြီးစရာမလို ပါဘူး။

Credit >>> ShweMon





No comments:

Post a Comment