Thursday, August 4, 2016

ဘ၀မှာ ဘယ်တော့မှမမေ့သင့်တဲ့ သင်ခန်းစာ(၅)ခု


ဘ၀ဆိုတာ သင်ဘာလုပ်သလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ဖြစ်တည်တာဆိုရင် အံ့သြသွားမလား။ကြိုးစားရင်း၊ ရုန်းကန်ရင်းနဲ့ပဲ အောင်မြင်မှုဆိုတာကို ရယူကြရတာပါ။အမှားတွေကနေသင်ယူရင်း အမှန်ပြင်သွားရတာ ဘ၀ရဲ့ ရသပဲမ ဟုတ်ပါလား။ဒါပေမယ့် တခါတလေ အမှားတစ်ခုကိုပဲ ထပ်ခါထပ်ခါ ကျူးလွန်မိတဲ့အခါ ဘ၀က စိတ်ပျက်စရာကောင်းပြန် ပါရော။
ဘ၀မှာ တူညီတဲ့အမှားနောက်ထပ်တစ်ကြိမ်ထပ်လုပ်မိခြင်းနဲ့ ၊မလုပ်လိုက်မိလို့ ပေးဆပ်လိုက်ရတဲ့ နစ်နာမှု လောက်နောင် တရစရာ ဘယ်ဟာမှမရှိနိုင်တော့ပါဘူး။ဒါကြောင့် ဘယ်တော့မမေ့သင့်တဲ့ သင်ခန်းစာတွေထဲက သတိမထားမိတဲ့ အချက်တွေကို Shwemom ကနေ စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဘ၀ရဲ့အချိန်ခဏလေး
ဘ၀ရဲ့နောက်ဆုံး နေ၀င်ချိန်ရောက်ဖို့ အချိန်တစ်နာရီပဲကျန်တော့တယ်ဆိုရင်သင်ဘာလုပ်မလဲ။ဒီ မေးခွန်းရဲ့အဖြေကို အကောင်းဆုံးဖြေနိုင်ဖို့ သိပ်တော့မလွယ်ပါဘူး။ဘ၀က တိုတိုလေးဆိုတာ  လူ့သက်တမ်းတွေ တဖြည်း ဖြည်းနည်းလာ တာကို ကြည့်ရင်သိနိုင်ပါတယ်။ ဘ၀ရဲ့အချိန်ခဏလေးမှာ ဘာကိုစောင့်နေဦးမှာလဲ။ သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခုပဲ စတင်လိုက်ပါ။
ကိုယ်တိုင်တည်ဆောက်ပါ
ကိုယ့်ဘ၀ကို ကိုယ်တိုင်တည်ဆောက်ပါ။ဘ၀ရဲ့နောက်ဆုံးအချိန်တွေမှာ  နောင်တတွေနဲ့ အဆုံးမသတ်မိစေဖို့လိုပါတယ်။ ဘယ်သူမှ သင့်အတွက် မရှင်သန်နေသလို သင်ကိုယ်တိုင်လည်း သူများအတွက်ရှင်သန်တာမျိုးမဖြစ်သင့်ပါဘူး။ကိုယ့်ရဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ ကိုယ်တိုင်ရှင်သန်ပါ။သင့်အတွက် ဆိုတဲ့ တစ်စုံတစ်ယောက်ရဲ့ ဖေးမမှု ကို   စောင့်ဆိုင်းနေမယ့်အစား ဘ၀အမှောင်ကို ကိုယ်တိုင်ဖြတ်ပြီး စိတ်လှုပ်ရှားမှုကို ကိုယ်တိုင်ခံစားလိုက်တာက ကိုယ်နဲ့ ပိုပြီး ထိုက်တန်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်ကြင်နာပါ
ငါ့အတွက် ဒီကမ္ဘာမှာ အချစ်တွေမရှိတော့ဘူးလားလို့ တချို့ကပြောကြတယ်။စိတ်ဓာတ်ကျ အားငယ်ကြတယ်။ကိုယ့်အနီး ဆုံးမှာရှိတဲ့ ကိုယ့်ကိုယ်ကိုယ် မေ့နေတတ်ကြတယ်။အကောင်းဆုံး အ၀တ်အစား၊ အစားအစာ၊ ကိုယ်ကြိုက်တဲ့ ရုပ်ရှင် တွေက ကိုယ့်အတွက်ထိုက်တန်ပါတယ်။အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ကြင်နာပါ။
အချိန်တိုင်းက ကိုယ်နဲ့တသားတည်းရှိနေပါစေ
အချိန်ကို ကောင်းကောင်းအသုံးချခြင်းက နေ့ရက်တိုင်းမှာ သင့်ကို ပျော်ရွှင်စရာတွေဖြစ်စေမှာပါ။ မနက်မိုးလင်းကနေ ညနေမိုးချုပ်ထိ သင်ထိတွေ့ရတဲ့မိတ်ဆွေဟာ အလုပ်စားပွဲပေါ်က ကွန်ပျူတာပဲဖြစ်နေတယ်ဆိုရင် သင့်ဘ၀ရဲ့နောင်တတွေ ကို သင်စုဆောင်းနေတာနဲ့အတူတူပါပဲ။ သင့်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ မိသား စု၊မိတ်ဆွေ သူငယ်ချင်းတွေကို သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေမျှဝေပေးဖို့လည်း မမေ့သင့်ပါဘူး။

မလိုတာတွေရှင်းထုတ်လိုက်ပါ
ဘ၀ခရီးလမ်းကို မလိုတာတွေသယ်ပြီး လျှောက်နေမယ်ဆိုရင် ခရီးက တွင်မှာမဟုတ်ပါဘူး။တခါတလေ လိုအပ်မယ် ထင်လို့ ဆုပ်ကိုင်ထားတဲ့အရာတွေက ကိုယ့်ကို ပင်ပန်းမှုဖြစ်စေရုံကလွဲပြီး ဘာမှအသုံးမ၀င်တဲ့အခါ သဘောထားကြီး ကြီးနဲ့စွန့်လွှတ်လိုက်ပါ။စိတ်သာရှိမယ်ဆိုရင် ပျော်စရာအားလုံးဟာ သင့်အတွက်ပဲဖြစ်နေမှာပါ။
Credit >> (Shwemom)

No comments:

Post a Comment