Monday, February 2, 2015

Super Bowl အားကစားပြိုင်ပွဲတွင် သတ္တူဖြင့်ပြု လုပ်ထားသည့် ကျားကိုစီး ကာဖျော်ဖြေခဲ့ သည့်ကေတီပယ်ရီ



Pop ကြယ်ပွင့်ကေ တီပယ်ရီသည် Super Bowl အားက စားပြိုင်ပွဲ အားက စားချိန် ပထမပိုင်း အပြီး အားလပ်ချိန် တွင်ပြုလုပ် သည့်ဖျော်ဖြေပွဲတွင် မီးတောက်မီး လျံပုံစံဒီဇိုင်းဖော် ထားသော အကျီ်ကိုဝတ်ဆင်ကာ သတ္တူဖြင့်ပြုလုပ်ထားသည့် ကျားကိုစီးလျက်ဖျော်ဖြေ ပွဲကိုစတင်ခဲ့သည်။

အသက် ၃၀နှစ်အရွယ်ရှိ ကေတီပယ်ရီသည် ဖျော်ဖြေရေးစင်မြင့်ပေါ်တွင် ကပြဖျော်ဖြေသူများနှင့် ဖျော်ဖြေခဲ့ပြီး အသက် ၅၀နှစ်အရွယ်ရှိ ဂီတပညာရှင် လန်နီ ကာဗစ်ဇ်နှင့် အတူဖျော်ဖြေ ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ကာဗစ်ဇ်က အီလက်ထရော နစ်ဂီတာကို တီးနေစဉ် ကာဗစ်ဇ်နှင့် ဟန်ချက် ကျကျဖျော်ဖြေ ခဲ့သည်။

ကာဗစ်ဇ်သည် သားရေဂျက်ကပ်ထည်ကိုဝတ်ဆင်ထားပြီး အနက်ရောင်နေကာ မျက်မှန်ကို တပ်ဆင်ထား ပြီးကေတီသည် I Kissed A Girl တေးသီချင်း ကိုသီ ဆိုဖျော်ဖြေ ခဲ့သည်။
၎င်းသည် သီချင်းကို သီဆိုနေစဉ် ၄င်း၏အနောက်ဘက်မှ မီးပန်းများ ထွက်ရှိလာခဲ့ပြီး အသံအားကောင်းကောင်းနှင့် သီဆိုနေစဉ် ၄င်း၏အနက်ရောင် ဆံကေ သာသည်လေထ ၌ပျံ့လွင့်နေသည်။ “ပရိသတ် သန်းပေါင်း များစွာ ကိုဖျော်ဖြေ ချင်တဲ့ ကျွန်မရဲ့ စိတ်ကူးဟာ တစ်ကယ်ဖြစ် လာခဲ့ ပါပြီ။

ဒီနေ့ဟာ ကျွန်မအ တွက်ပျော်စရာနေ့လေးတစ်နေ့ဖြစ်ပါတယ်”ဟု ကေတီက ဖေဖော်ဝါရီ ၁ရက်က တွစ်တာတွင် ၄င်း၏ပရိသတ် ၆၄ဒသမ၃သန်း ထံသို့ရေး သားခဲ့သည်။
ဖျော်ဖြေပွဲတွင် ဟစ်ဟော့ အဆိုတော် မစ်ဆီိအီလီအော့် ကလည်း Get Ur Freak On တေးသီချင်း ကိုဖျော်ဖြေ ခဲ့ပြီးကေတီသည် Teenage Dream နှင့် Califorina Gurlsတေးသီချင်းများကို ပရိတ်သတ် ၇၀ ၀၀၀ကျော်အတွက် ဖျော်ဖြေခဲ့ရာ ယင်းဖျော်ဖြေပွဲတွင် ကြည့်ရှုသူပရိတ်သတ် ၁၁၅သန်း ရှိမည် ဟုမျှော် မှန်းထားသည်။


Credit>>>ဖိုးသူတော်

No comments:

Post a Comment