Monday, February 2, 2015

ရေနွေးနဲ့ ရေအေးကို ဘယ်လိုအချိန်တွေမှာ သောက်သင့်သလဲ




ရေသောက်ခြင်းဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွက် အလွန်ရေးပါတယ်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်က ရေဓာတ် ရနေတဲ့အခါ ကောင်းမွန်စွာ လည်ပတ်ပါတယ်။ Muscle tissue အတွက် မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းပမာဏ လျော့ချဖို့အတွက်ဆိုရင် ခန္ဓာကိုယ်အတွင်း ရေမလုံလောက်မှုတဲ့အခါ ခန္ဓာကိုယ်မှ ရေဓာတ်ခမ်းခြောက်သူတွေ ပိုမောလွယ်ကြတယ်။ ရေကိုမကြာခဏ သောက်ပေးခြင်းဖြင့် အစာအိမ်ပြည့်ကာ အစားလျော့စေမှာ ဖြစ်ပါတယ်။
ရေအလုံအလောက် သောက်ပေးဖို့ မရှိမဖြစ် အရေးကြီးသလို မိမိသောက်မယ့် ရေရဲ့ အပူချိန်ကလည်း အရေးကြီးပါတယ်။
ရေအေးသောက်ခြင်းက ခန္ဓာကိုယ်မှ ရေဓာတ် အလျင်အမြန် ရရှိဖို့အတွက် ကောင်းပါတယ်။ ဒါပေမယ့် ရေဓာတ်ကို အချိန်ကြာကြာရချင်ရင် အခန်းအပူချိန်ရှိ ရေကိုသောက်ဖို့ အကြံပြုအပ်ပါတယ်။ အလေးချိန် ကျဖို့အတွက်လည်း အကူအညီ ဖြစ်စေပါလိမ့်မယ်။ အခန်းအပူချိန်ရှိတဲ့ ရေထက် ရေအေး တစ်ခွက်သောက်ခြင်းက ကယ်လိုရီ ပိုလျော့ချပေးနိုင်တယ်။ ရေအေးနဲ့ အခန်းပူချိန်နဲ့ ရေကို သောက်ခြင်းဖြင့် ရေဓာတ် ရစေတာချင်း အတူတူပင်ဖြစ်တယ်။ သို့ပေမယ့် ရေအေးအေးလေး သောက်ခြင်းက အရသာရှိပြီး လန်းဆန်းစေပါတယ်။
ထမင်းမစားမီ ရေနွေးနွေးလေး တစ်ခွက်သောက်ပါက ဝအီသွားသလို ခံစားစေမှာဖြစ်တာကြောင့် အစားနည်း သွားပါလိမ့်မယ်။ ရေများများသောက်တာ အလေ့ကျင့်ကောင်း တစ်ခုဖြစ်ပါတယ်။ ထမင်းမစားခင် ရေနှစ်ခွက်သောက်ခြင်းက အလေးချိန်လျော့ပေးပါလိမ့်မယ်။


Credit>>>Trend Myanmar

No comments:

Post a Comment