တစ်ခါက အရမ်းအထီးကျန်ပြီး အချစ်ကို ငတ်မွတ်တောင့်တတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်။ တစ်ရက်မှာတော့ သူမက ပန်းခြံထဲမှာ လမ်းလျောက်ရင်း အစာငတ်ပြီး အားပြတ်နေတဲ့ ငှက်ကလေးနှစ်ကောင်ကို တွေ့တယ်။ သူမက ငှက်ကလေးတွေကိုယူလာပြီး လှောင်အိမ်လေးထဲထည့်ထားတယ်။ အစာအဟာရတွေကျွေးပြီး အားရှိလာအောင် လုပ်ပေးတယ်။ အားနည်းနည်းရှိလာတော့ ငှက်လေးတွေက သီချင်းလေးတွေ ဆိုပြတယ်။ သူမကလည်း ငှက်ကလေးတွေကို သံယောဇဉ်ဖြစ်ပြီး အရမ်းချစ်လာတယ်။ သူမစိတ်ထဲမှာ ငှက်ကလေးတွေက ဒီလိုပဲ သူမကို တသက်လုံး သီချင်းဆိုပြစေချင်တယ်။
တစ်ရက်မှာတော့ သူမက လှောင်အိမ်တံခါးလေးကို ပိတ်ဖို့ မေ့သွားတယ်။ ငှက်နှစ်ကောင်ထဲက ပိုပြီး အားရှိလာတဲ့တစ်ကောင်က လှောင်အိမ်ထဲကနေ ပျံထွက်လာတယ်။ သူမမြင်တော့ အရမ်း စိုးရိမ်သွားတယ်။ ငှက်ကလေးက သူမခေါင်းထက်မှာ ၀ဲပြီး ပျံနေတယ်။ သူမစိတ်ထဲမှာ ငှက်ကလေးက အဝေးကိုပြန်သွားပြီး သူမ ငှက်ကလေးကို ဘယ်တော့မှ မြင်ရတော့မှာမဟုတ်ဘူးဆိုပြီး ထိပ်လန့်သွားတယ်။ ငှက်ကလေးက သူမအနီးမှာ ၀ဲပျံချိန်မှာ သူမက လက်နှစ်ဖက်နဲ့ငှက်ကလေးကို လှမ်းဖမ်းလိုက်တယ်။ ဆုံးရှုံးမှာစိုးရိမ်စိတ်နဲ့ ငှက်ကလေးကို လက်ထဲမှာ ကြစ်ကြစ်ပါအောင် ဆုတ်ကိုင်ထားမိတယ်။ ဒါပေမယ့် သူမရဲ့ အားနဲ့ ဆုတ်ကိုင်မှုကြောင့် ငှက်ကလေးက သေဆုံးသွားတယ်။ သူမ သတိထားမိချိန်မှာတော့ သူမလက်ထဲက ငှက်ကလေးက အသက်မရှိတော့ပါဘူး။ သူမရဲ့ ဆုံးရှုံးမှာစိုးရိမ်တဲ့ အချစ်စိတ်က ငှက်ကလေးကို သတ်လိုက်ပါပြီ။
ေ
နောက်ထပ်ငှက်ကလေးကလည်း အားယူပြီး လှောင်အိမ်ထဲကနေ ပျံဖို့ကြိုးစားနေတာကို တွေ့လိုက်ရတယ်။ ငှက်ကလေး လွတ်လွတ်လပ်လပ်ပျံသန်းချင်နေတယ်ဆိုတာကို သူမ ခံစားမိတယ်။ ငှက်ကလေးက ကောင်းကင်ပြာကြီးထဲမှာ လွတ်လပ်စွာ ပျံသန်းချင်မှာပဲလေ။ သူမ ငှက်ကလေးကို ထုတ်ယူလိုက်ပြီး လေထဲကို အသာလေး ပင့်တင်ပေးလိုက်တယ်။ ငှက်ကလေးက သူမခေါင်းပေါ်မှာ ၀ဲပြီး ပျံပါတယ်။ ဒီတစ်ကြိမ်တော့ သူမလည်း ငှက်ကလေးရဲ့ ပျော်ရွှင်မှုကိုပဲ ငေးမောကြည့်နေမိတယ်။ သူမရဲ့ စိတ်ထဲမှာ ဆုံးရှုံးရမှာကို ကြောက်ရွံ့စိတ် မရှိတော့ပါဘူး။ သူမစိတ်ထဲမှာ ငှက်ကလေးကို ပျော်စေချင်တယ်။ အဲဒီအချိန်မှာပဲ ငှက်ကလေးက သူမနားပျံလာပြီး သူမရဲ့ပုခုံးပေါ်မှာ နားလိုက်ပါတယ်။ ပြီးတော့ သူမကြားဖူးသမျှထဲမှာ အချိုသာဆုံး တေးသံလေးကို သီကြွေးပါတယ်။
အချစ်ကို ဆုံးရှုံးဖို့ အမြန်ဆုံးနည်းလမ်းကတော့ တင်းကြပ်စွာဆုတ်ကိုင်ထားခြင်းဖြစ်ပြီး အချစ်ကို ထိန်းသိမ်းထားဖို့ အကောင်းဆုံးနည်းလမ်းကတော့ လွတ်လပ်စွာ ပျံသန်းဖို့အတွက် တောင်ပံတစ်စုံ တပ်ပေးလိုက်ခြင်းပါပဲ။
Credit>>>12 Plus Myanmar

No comments:
Post a Comment