ကျောင်းသားတို့သည်
တကယ်ပြင်ဆင်သင့်သည့် (၁၁) ချက်ကို
တောင်းဆိုနေသည်မှာ
အောင်မြင်မှု နှင့် နီးကပ်လာနေပြီ။
အဲဒီ (၁၁) ကို အစိုးရက လိုက်လျောပြီးလျှင်
နောင်လာ နောင်သားတွေ အတွက်
မိဘပြည်သူတွေ မျှော်မှန်းထားတဲ့
အဆင့်မြင့်ပညာရေး ဖြစ်သွားပြီလား။
မဖြစ်နိုင်သေးပါ။
ကျောင်းသားတွေဘက်ကလည်း
လက်ရှိအကျင့် ၊ ဓလေ့စရိုက်တွေကို
ပြင်ဆင်စရာတွေ အများကြီးရှိပါသေးတယ်။
အဲဒီတော့ ကျောင်းသား
ကျောင်းသူတွေ လိုက်နာရမယ့်
ကတိသစ္စာ (၉) ချက်ကို
မိဘပြည်သူတွေ ကိုယ်စား ၏
တောင်းဆိုချင်ပါသည်။
၁။ မိဘတွေ ချွေးနဲစာ နဲ့ ရှာထားပြီး
မစားရက်မသောက်ရက် ပို့တဲ့ပိုက်ဆံကို
ဘောလုံးပွဲအပါအဝင် ဘယ် လောင်းကစားကို မှ
မလောင်းပါဘူးလို့ ကတိသစ္စာပြုနိုင်ပါသလား။
၂။ မိဘတွေ ရဲ့ ထောက်ပံ့မှုနဲ့
ကျောင်းတက်နေစဉ် ကာလ အတွင်း
အရက် ၊ ဘီယာ ၊ ဆေးလိပ် မသောက်ဘူးလို့
ကတိသစ္စာ ပြုနိုင်ပါသလား။
၃။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး
ကိုယ့်မိသားစုကို မထောက်ပံ့နိုင်သေးသရွေ့
အချစ်ရေးကိစ္စကို ဦးစားမပေးပါဘူး လို့
ကတိသစ္စာ ပြုနိုင်ပါသလား။
(လုံးဝ ရည်းစားမထားရဘူးလို့ မဆိုလိုပါ။)
၎။ အရက်သောက် ၊ ဖဲရိုက် မှ
တက္ကသိုလ်ကျောင်းသား ပီသတယ် ၊
မိန်းမ ရှုပ်တတ်မှ
University Life ပြည့်စုံတယ်ဆိုတဲ့
ခပ်ညံ့ညံ့ ဝတ္ထုတွေ ဇတ်ကားတွေ ထဲက
အတွေး အခေါ်တွေကို မြောင်းထဲ ကန်ချပြီး ၊
ကိုယ့်ဘဝ တိုးတက်ရေး ၊
ကိုယ့်မိသားစု ကို
ပြန်လည်ထောက်ပံ့နိုင် ရေး ၊
ကိုယ့်နိုင်ငံ တိုးတက်ရေးအတွက်
သုတ ၊ ရသ စာပေတွေကို
အစွမ်းကုန် လေ့လာ သွားပါမယ်လို့
ကတိသစ္စာ ပြုနိုင်ပါသလား။
၅။ ကျောင်းခေါ်ချိန် ၈၀ % ကျော်အောင်
ကျောင်းမှန်မှန် တက်ပါမယ်လို့ 
ကတိသစ္စာ ပြုနိုင် ပါသလား။
၆။ အိမ်က ဝယ်ပေးတဲ့ ကွန်ပျူတာကို
ဗွီဒီယိုကြည့်ဖို့ ၊ ညစ်ညမ်း
ဇတ်ကားတွေ ကြည့်ဖို့ အသုံးမပြုဘဲ
နည်းပညာဆိုင်ရာ ဗဟုသုတတွေကို
လေ့လာသွားပါမယ်လို့
ကတိသစ္စာ ပြုနိုင်ပါသလား။
၇။ ဖုန်းငွေဖြည့်ကဒ်ဝယ်ပြီး
အင်တာနက် သုံးတဲ့အခါ ၊
Facebook, Chatting တွေကို
အနည်းငယ်သာ အသုံးပြုပြီး
နည်းပညာ ဆိုင်ရာ Website တွေမှာ
အဓိက ရှာဖွေ လေ့လာ သွားပါမယ်လို့
ကတိသစ္စာ ပြုနိုင်ပါသလား။
၈။ ကျောင်းစာတွေကို လေ့လာတဲ့ အခါ
စာမေးပွဲဖြေခါနီးမှ စာမေးပွဲဖြေဖို့သက်သက်
လေ့လာခြင်းမျိုးမဟုတ်ဘဲ
ရင်ထဲ အသည်းထဲက
တကယ်သိချင် တတ်ချင်လို့
ကျောင်းစာအုပ်တွေသာမက
စာကြည့်တိုက် ၊ အင်တာနက် က
စာအုပ်တွေကို ကိုးကားပြီး
လေ့လာ သွားပါမယ်လို့
ကတိသစ္စာ ပြုနိုင်ပါသလား။
၉။ အင်တာနက် ကိုသုံးပြီး
နိုင်ငံတကာကို လေ့လာတဲ့အခါ ၊
အတို အပြတ် ဟိုပေါ် ဒီပေါ်
အဝတ်အစားတွေကို သာ အတုမယူဘဲ
နည်းပညာ ၊ အသိပညာ
တိုးတက်ပြောင်းလဲမှု တွေကို အဓိကထားပြီး
လေ့လာ အတုယူ သွားပါမယ်လို့
ကတိသစ္စာ ပြုနိုင်ပါသလား။
ကျောင်းသားတွေ တောင်းဆိုတဲ့ (၁၁) ချက်ကို
အစိုးရဘက်က လိုက်လျောသင့်သလို
ကျောင်းသားမိဘတွေ တောင်းဆိုတဲ့
အထက်ပါ (၉) ချက်ကိုလည်း
ကျောင်းသားတွေဘက်က
လိုက်လျောမည် ဆိုပါက
မိဘပြည်သူတွေ မျှော်လင့်တောင်းတ နေတဲ့
ပညာရေး မြင့်မားတဲ့ မြန်မာနိုင်ငံတော်ကြီး
ဖြစ်လာပါ လိမ့်မည်။
တစ်ဖက်ဖက် က
ချွတ်ယွင်းနေမယ်ဆိုရင်တော့ . . .
G.T.C ဆရာဟောင်းတစ်ဦး(Su Tin)
Wednesday, February 11, 2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment