Wednesday, February 11, 2015

အိမ်မက် မက်တတ်ရမယ်



လူတစ်ယောက်ဟာ အောင်မြင်မှုတွေကို ဘယ်လို ဖန်တီးရမလည်းဆိုတဲ့ အိမ်မက် မက်တတ်ရပါမယ်။ အိမ်မက် မက်ပါမှ
အကောင်အထည်ဖော်ခြင်းဆိုတာ ဖြစ်လာမှာ မို့ ပါ။ ဒီနေရာမှာ ဘ၀တွက် အရေးပါမည့် ရည်မှန်းချက် အိပ်မက်ကို ဆိုလို
ခြင်းပါ။

ကိုယ့်ဘ၀မှာ မဖြစ်မနေ မက်ရမယ့် ရည်မှန်းချက် အိမ်မက်မျိုးရှိသလို၊ စိတ်ပျော်ရွှင်မှုအတွက် တဒင်္ဂအိမ်မက်လေးတွေ
လည်း ရှိနေမှာပါ။ ရသမျှအချိန်တိုင်း ဒီအိမ်မက်လေးတွေကို အကောင်အထည် ဖော်နေဖို့ တော့ လိုတာပေါ့။

ဘ၀အတွက် အိမ်မက် မရှိတဲ့ သူတွေမှာ အနာဂါတ်ဆိုတာ မလှကြပါဘူး။ တစ်ဦး တစ်ယောက်ချင်းဆီမှာလည်း အိမ်မက်
ဆိုတာ ရှိသင့်သလို ၊ အဖွဲ့ အစည်း တစ်ခုဆိုလည်း ဘယ်လောက်ထိ အောင်မြင်လာရမယ်ဆိုတဲ့ အိမ်မက်မျိုး ရှိရမယ်။

ယနေ့ အောင်မြင် ကျော်ကြားနေတဲ့ လူတွေ အားလုံးဟာ လက်ရှိနေရာကို မရောက်ခင်တုန်းက ယနေ့ ဖြစ်နေတဲ့ ပုံရိပ်
တွေကို အိမ်မက် မက်ခဲ့ကြတာပါပဲ။ ပြီးတော့ သူတို့ တွေ ဖြစ်လာအောင် အကောင်အထည် ဖော်ကြတယ်။

နောက်ပြီး ကမ္ဘာမှာ လူမှုရေး၊ စီးပွားရေး၊ စစ်ရေး ထိပ်သီးရောက်နေတဲ့ နိုင်ငံတွေဆိုလည်း အနာဂါတ်နိုင်ငံ ဆိုတဲ့ အိမ်မက်
မက်ကြလို့ ပဲ။ ဒါကို သူတို့ တွေ ကြိုးစားအကောင်အထည် ဖော်လိုက်ကြတာပဲ။

မိမိအတွက် ဆိုတာ တွေးနေသလို၊ မိမိနိုင်ငံ အတွက်ဆိုတဲ့ အတွေးမျိုးလည်း ရှိရမယ်။ ပြောချင်တာက အနာဂါတ် မြန်မာ
နိုင်ငံတော် အတွက် အိမ်မက်ကို ပြောတာပါ။ ဒါမှလည်း မျှော်မှန်းထားတဲ့ တိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်လာမှာပေါ့။

တိုးတက်ပြောင်းလဲမှုတိုင်းဟာ လူတစ်ယောက်ရဲ့ အိမ်မက် တစ်ခုဆီကနေ စခဲ့တာချည်းပါ။ ဒါကို နားလည်ထားရင် အနာဂါတ်
အတွက် ဆိုတဲ့ တန်ဖိုးရှိတဲ့ အိမ်မက်တွေ မက်တတ်ရမယ်၊ ပြီးတော့ ၀ိုင်းဝန်း အကောင်အထည်ဖော်ကြရပါမယ်။

 


Credit>>>True Man

No comments:

Post a Comment