၂၀၁၅ ခုနှစ် နှစ်လယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးကွန်ရက် အားလုံးကို 3G အဆင့်သို့ မြှင့်တင်ပြီး ဖြစ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြား သည်။
၂၀၁၅ ခုနှစ် မတ်လကုန်တွင် 3G စခန်းများ၏ အရေအတွက်မှာ လက်ရှိ အရေအတွက်၏ နှစ်ဆရှိလာမည်ဖြစ်ကြောင်း၊ အထူးသဖြင့်ရန်ကုန်ရှိ 3G ဆက်သွယ်ရေးကွန်ရက်မှာ လက်ရှိထက် သုံးဆ နီးပါး ရှိလာမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန် ထားသည်။
၂၀၁၅ နှစ်လယ်တွင် MPT ၏ ဆက်သွယ်ရေးကွန်ရက် အားလုံးကို 3G အဆင့်မြှင့်ပြီး ဖြစ်မည်ဖြစ်ကြောင်း MPT ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
MPT အနေဖြင့် ဆက်သွယ်ရေးကွန်ရက် ချဲ့ထွင်ခြင်း အစီအစဉ်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၆) ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်နှင့် နေပြည်တော်တို့ရှိ လိုင်းကြပ်သောနေရာများရှိ 3G စခန်းများ၌ လိုင်းအင်အား တိုးချဲ့ခဲ့ကြောင်း သိရသည်။
Credit>>>Internet Journal

No comments:
Post a Comment