Thursday, February 5, 2015

လှိုင်သာယာအမှတ်(၁၅) ရပ်ကွက် ထမင်းဆိုင်တွင် ဓားထိုးခံရသူ သေဆုံးမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ် အမှတ်(၁၅)ရပ်ကွက် သခင်မြလမ်းတွင် ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီခွဲက ထိုလမ်းရှိ ဒေါ်ခင် မေသန်း၏ ထမင်းဆိုင်တွင် ထိုင်နေ သော အမျိုးသားတစ်ဦးကို တစ် ရပ်ကွက်တည်းနေသူ အမျိုးသား တစ်ဦးက ဓားဖြင့်ထိုး၍ ထွက်ပြေး သွားခဲ့ရာ ဓားထိုးခံရသူမှာ ထိုဒဏ်ရာ ဖြင့် အခင်းဖြစ်ပွားရာတွင် သေဆုံး သွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အမှတ်(၁၅) ရပ်ကွက် သခင်မြလမ်းရှိ ဒေါ်ခင်မေ သန်း၏ ထမင်းဆိုင်တွင် ကိုသက်ဦး (၃၈ နှစ်) ထိုင်နေစဉ် တစ်ရပ်ကွက် တည်းနေထိုင်သော အောင်မြတ်စိုး (၅၁ နှစ်)က ရင်ဘတ်ကို ဓား ဖြင့် ထိုး၍ ထွက်ပြေးသွားရာ အထိုး ခံရသောဒဏ်ရာဖြင့် သေဆုံးသွား ကြောင်း အစ်ကိုဖြစ်သူ ကိုကျော်လွင် (၄၁ နှစ်)က တရားလိုပြုလုပ်၍ လှိုင်သာယာ မြို့မရဲစခန်းသို့တိုင် ကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို အချိန် ပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သောကြောင့် မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်တွင် ဖေဖော် ဝါရီ ၄ ရက်ထိ လူသတ်မှုလေးမှု၊ လူသေမှု ၂ဝ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။



Credit>>>ဖိုးသူတော်

No comments:

Post a Comment