ဒေါက်တာ အိအိခင် (ကလေး) ဖြေကြားပေးသည်။
ကလေးငယ်တွေ ခံစားရတဲ့ ဒဏ်ရာမပေါ်တဲ့ ဝေဒနာတွေအပေါ်မှာ မိဘတွေက ဘယ်လို ဆင်ခြင် စောင့်ရှောက်သင့်ပါသလဲ။ (ဗိုက်အောင့်၊ ဒူးနာ၊ ခြေထောက်နာ)
ဗိုက်နာခြင်း
၃ နှစ်အရွယ်ကလေးတွေကို မိဘတွေက မူကြိုကျောင်းစပို့တတ်ပါတယ်။ အဲဒီအခါ ပတ်ဝန်းကျင်အသစ်ကို သွားရလို့ ကြောက်တာရယ်၊ အိမ်မှာ ကိုယ်ဘာလိုချင်လို့ မိဘတွေက အလိုလိုက်လုပ်ပေးနေရာမှ မူကြိုကျောင်းမှာ သူ့စည်းကမ်းနှင့် သူနေရတယ်။
ဒါကြောင့် ကိုယ်ဗိုလ်ကျချင်သလို ကျလို့မရတော့ ကလေးတွေက ကျောင်းမသွားချင်လို့ ဗိုက်နာတယ်ပြောတတ်ကြပါတယ်။ ဗိုက်နာတာ တကယ်နာတာလား။ ကျောင်းမသွားချင်လို့ နာချင်ယောင်ဆောင်တာလား ခွဲခြားရပါမယ်။ ကျောင်းမသွားချင်လို့ ဆိုလျှင် ကလေးကို ကျောင်းမပေးသွားတာနဲ့ ဗိုက်နာပျောက်သွားတတ်ပါတယ်။
တကယ်ဗိုက်နာတာဆိုလျှင် ကျောင်းမသွားရပေမဲ့နာနေမယ်။ ချွေးသီးချွေးပေါက်တွေ ထွက်မယ်။ ဖြူဖတ်ဖြူလျော် ဖြစ်တတ်ပါတယ်။
တစ်ခါတစ်ရံ အန်ပါ အန်တတ်ပါတယ်။ ဒီအခါမှာတော့ ဆရာဝန်နှင့် သေချာပြရမှာ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်နှင့်ပါ ပြရတတ်ပါတယ်။
ဒူးနာ၊ ခြေထောက်နာခြင်း
တချို့ ၃၊ ၄ နှစ်မှ ၉ ၊ ၁၀ နှစ်အထိကလေးတွေဟာ ဒူးနာ၊ ခြေသလုံးနာ တတ်ပါတယ်။ တစ်ခါတစ်ရံလူကြီးတွေက နှိပ်ပေးရတတ်ပါတယ်။ တစ်နေကုန် အဆော့များပြီး။ ညကျခြေထောက်နာလို့ ငိုတတ်ပါတယ်။ (Growing Pain) အရပ်ရှည်ထွက်ဖို့ အရိုးလေးတွေ ရှည်ထွက်ခြင်းနှင့် သွေးရိုးဆီကို ပို့ဆောင်မှုမမျှလို့ နာတာဖြစ်တတ်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။
သွေးလှည့်ပတ်မှု ကောင်းအောင် ဆုပ်နယ်ပေးလိုက်ရင် ကောင်းသွားပါတယ်။ ဆေးတွေတိုက်စရာ မလိုပါ။
လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်းမှ အဆစ်အမြစ်ကိုက်တဲ့ရောဂါ ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် သေချာကုသမှုခံယူဖို့လိုတဲ့အတွက် တတ်ကျွမ်းတဲ့ ကလေးဆရာဝန်တွေနဲ့ ပြဖို့ လိုပါတယ်။
ဒေါက်တာ အိအိခင် (ကလေး)
Credit>>> Babi Mild Myanmar

No comments:
Post a Comment