Thursday, February 5, 2015

ဆရာဝန်ဟန်ဆောင်၍ အမျိုးသမီး ၁၀၀ ခန့်ကို ဆေးခတ်ပြီး အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားကို ရဲတပ်ဖွဲ့ဖမ်းဆီး



ဂျပန်နိုင်ငံတွင် ဆရာဝန် ဟန်ဆောင်၍ အမျိုးသမီး ဦးရေ ၁ဝဝ ခန့်ကို ဆေးခတ်ပြီး အဓမ္မ ပြုကျင့်ခဲ့သူ အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖေဖော်ဝါရီ ၃ ရက်တွင် ဖော်ပြခဲ့သည်။

အသက် ၅၄ နှစ်ရှိ Hideyuki Noguchi အမည်ရှိ အမျိုးသားသည် အရက်သေစာ သောက်စားပြီး သွေးပေါင်ချိန် စမ်းသပ်ရာတွင် ပါဝင်လိုသူ အမျိုးသမီးများကို ဖိတ်ခေါ်သည့် ကြော်ငြာ တစ်ခုကို အင်တာနက် ပေါ်တွင် တင်၍ အမျိုးသမီး များကို သွေးဆောင် ဖြားယောင်း ခဲ့ပြီးနောက် အဆိုပါ အမျိုးသမီးများ နှင့် တွေ့ဆုံစဉ် ဆေးခတ်၍ အဓမ္မပြုကျင့် ခဲ့ခြင်းဖြစ်ကြောင်း တိုကျို သတင်းဌာန က ပြောကြား ခဲ့သည်။

ထို့ပြင် ၄င်း အမျိုးသားသည် အမျိုးသမီးအား အဓမ္မ ပြုကျင့်မှု များကို ဗီဒီယိုဖြင့် မှတ်တမ်းတင် ခဲ့ပြီး ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီများထံ ရောင်းချ ခဲ့သည်။

Hideyuki Noguchi သည် ဆေးပညာ လေ့လာ တတ်မြောက်ထားခြင်း မရှိဘဲ အမျိုးသမီး များကို ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း လိမ်လည် လှည့်ဖြား ခဲ့သည့်အပြင် ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီများ ထံမှ ယန်း ၁ဝ သန်းခန့် လက်ခံရရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။

ယင်းနောက် အမျိုးသမီး တစ်ဦးက သူမကို အဓမ္မပြုကျင့် နေသည့် ဗီဒီယိုဖိုင် တစ်ခုကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက အင်တာနက် ပေါ်တွင် တွေ့ရှိခဲ့ ပြီးနောက် အာဏာပိုင် များကို တိုင်ကြားခဲ့ ရာမှ ရဲတပ်ဖွဲ့က Hideyuki Noguchi ကို စတင်စုံစမ်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် အမျိုးသမီး များသည် အသက် ၂ဝ နှင့် ၄ဝ နှစ် အကြားရှိ သူများဖြစ်ပြီး အများစုမှာ တိုကျို၊ ချီဘား၊ အိုဆာကာ နှင့် အခြားစီရင်စု များမှ ဖြစ်ကြောင်း သိရသည်။


Credit>>>Thithtoolwin

No comments:

Post a Comment