အောင်မြင်ရေး
လောကတခွင်မှာ လူအမျိုးမျိုး စိတ်အထွေထွေ အလွှာအသီးသီး ကွဲပြားခြားနားကြပါတယ် အဲဒီလိုအလွှာကွဲပြားကြတဲ့အခါမှာ အထက်မှာရောက်နေတဲ့အလွှာကို အောက်ရောက်တဲ့အလွှာက မနာလို အပြစ်မြင်တတ်စမြဲလိုလိုပါပ.ဲ ဒါပေမယ့် သူဘာ့ကြောင့်အပေါ်ရောက်ပြီး ကိုယ်ဘာ့ကြောင့်အောက်ရောက်နေလဲဆိုတာ မြင်အောင်ကြည့်ရင် အဖြေကထွက်ပြီးသားပါ အလွှာအသီးသီး ဘယ်လိုပဲခြားခြား ပြောဆိုသုံးနှုံးဖူးတဲ့စကားလုံးတခုကတော့ တူတူပါပဲ အဲဒါက ( ငါ့ကိုဘာကောင်မှတ်လို့လဲ )ဆိုတာပါပဲ . အပေါ်ရောက်နေတဲ့လူကို အောက်မှာရှိတဲ့ ကဲ့ရဲ့ပြစ်တင်မဲ့အစား...ငါရော သူ့လိုနေရာမှာဆိုရင် ငါရော သူ့လို လုပ်မိမှာလားလို့ပြန်မေးကြည့်ပါ..အပေါ်ရောက်ဖို့အတွက်
လှေခါးထစ်တွေကိုတော့ လွယ်လွယ်နဲ့တက်လို့ ရမှာမဟုတ်ပါဘူး ရှိတဲ့အားကိုသုံး
ကြိုးစားပြီးတက်ရမှာပါ အဖြေကတော့ကျွန်တော့်အထင် ယခုဘ၀ရော
အရင့်အရင်ဘ၀ဘ၀တွေမှာရောပြုပြုခဲ့သမျှသော ကုသိုလ်ကောင်းမှု .ကြိုးစားခဲ့သောအလုပ်အကိုင်တွေကြောင့် ကွဲပြားခြားနားသွားကြတယ်လို့ ယုံကြည်ထားပါတယ်..ဒါကြောင့်ကျွန်တော်တို့လဲ သူတို့လိုအပေါ်ရောက်အောင် ကျင့်ကြံကြရအောင်လားဗျာ..ကျွန်တော်ကိုယ်တိုင်လဲ ဘာကောင်မှမဟုတ်ပေမယ့် ( ငါကိုဘာကောင်မှတ်လို့လဲ ) ဟုပြောနေမိတုန်းပါပဲဗျာ
Credit>>>Kaung Thant Hein
No comments:
Post a Comment