ထိုင်းနိုင်ငံနှင့်ပူးပေါင်း ရိုက်ကူးရန်ရှိသည့် ရုပ်ရှင်ဇာတ် ကားအတွက် မတ်လတစ်လလုံး ထိုင်းနိုင်ငံသို့ ရိုက်ကူးရေးသွားရ မည်ဟု သရုပ်ဆောင် ပြေတီဦးက ဆိုသည်။
အဆိုပါရုပ်ရှင်ဇာတ်ကား အတွက် ယခုလ ၂၀ ရက် ညနေ နှင့် ၂၁ ရက် တစ်နေ့လုံးတွင် မြန်မာနိုင်ငံဘက်မှ ရိုက်ကူးရန်ရှိ သည်များကို ထိုင်းနိုင်ငံမှ သရုပ် ဆောင်၊ ဒါရိုက်တာများနှင့် ရိုက် ကူးမည်ဖြစ်ပြီး ယင်းဇာတ်ကား အတွက် ကိုယ်တိုင်လည်း အင်္ဂ လိပ်စာကို ပြန်လေ့လာနေရ ကြောင်း သရုပ်ဆောင်ပြေတီဦး က ပြောသည်။
‘‘မင်းသမီးကို ရွေးပြီးပြီ။ ထိုင်းနိုင်ငံက Miss ရထားတာပါ။ အတိအကျကိုတော့ ကန်တော့ပွဲ ပေးတဲ့နေ့မှပဲ ပြောပြပေးချင် တယ်။ ဇာတ်ကားနာမည်ကအစ ပေါ့။ သူ့ကိုရွေးဖြစ်သွားတာက အဓိကအင်္ဂလိပ်လိုကျွမ်းကျင်လို့ ပါ’’ဟု ထိုင်းနိုင်ငံမှ သရုပ်ဆောင် မည့်သူကို အလှမယ်ထဲမှ ရွေး ချယ်ဖြစ်သည့်အကြောင်း ၎င်းက ပြောသည်။
ယခု ရုပ်ရှင်ဇာတ်ကားကြီး သည် ၂၀၁၅ အတွင်း ၎င်းအတွက် ထူးခြားမှုတစ်ခုဖြစ်ပြီး ရိုမန့်အက် ရှင်ဇာတ်ကားဖြစ်သည့် ယင်း ဇာတ်ကား၌ ပရိသတ်အတွက် အကျိုးရှိမည့် အကြောင်းအရာနှင့် ထူးခြားမှုများ ပါဝင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
သရုပ်ဆောင်ပြေတီဦးသည် လက်ရှိတွင် ဒါရိုက်တာမောင်မျိုး မင်းရိုက်ကူးသည့် ရာဇဝင်ရိုင်းကြ သူများ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်မြင့်မြတ်၊ လိုင်လာ ခမ်း၊ ပက်ထရစ်ရှာတို့နှင့်အတူ ရိုက်ကူးနေကြောင်း သိရသည်။

No comments:
Post a Comment