Monday, February 9, 2015

နားမကြားခြင်းက နာတာရှည် ရောဂါများနှင့် ဆက်နွှယ်နေ



ကြိမ်နှုန်းနိမ့် အသံကို မကြား ရခြင်းက နှလုံးရောဂါ အတွက် အမှတ် အသား တစ်ခုဖြစ်နိုင်ပါတယ်။ နား အတွင်းပိုင်းမှာရှိတဲ့ သွေးကြောတွေက အလွန် အသိခက်တယ် (Supersensitive) နားမကြာ ရခြင်း မျိုးလို အပြောင်းအလဲ တစ်ခုက ခန္ဓာကိုယ်ရဲ့ အခြားအစိတ် အပိုင်းမှာရှိတဲ့ သွေး ကြောတွေမှာ ပြဿနာများ ရှိနေပြီ ဆိုတာ အလံထောင်ပြ တာမျိုး ဖြစ်နိုင် ပါတယ်။

အသက်အရွယ် ပိုကြီးသူများ အပေါ် ပြုလုပ်ခဲ့တဲ့ စစ်ကွန်ဆင် တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုမှာ နှလုံးရောဂါရာဇဝင်ရှိတဲ့ သူတွေ အကြား မှာ နားမကြားရခြင်း သို့မဟုတ် အကြားအာရုံချို့ယွင်းခြင်း ဖြစ်မှု ၅၄ ရာခိုင်နှုန်း ပိုကြောင်း တွေ့ရှိခဲ့တယ်။ ဆီးချိုသွေးချို ရောဂါနှင့် နား မကြားရခြင်းက မကြာခဏ အတူဖြစ် တတ်ကြတယ်။ အချိန်ကြာ လာတာ နှင့်အမျှ သွေးထဲရှိ သကြားဓာတ် မြင့်မားခြင်းက နားအတွင်း ပိုင်းမှာ ရှိတဲ့ သွေးကြောငယ် များနှင့် နာဗ်ကြောများ ကို ထိခိုက်ပျက်စီး စေနိုင်ကြောင်း သုတေသီ တွေက ယုံကြည်ကြတယ်။

" အတိုင်းအတာ တစ်စုံတစ်ရာ အထိ နားမကြား တာက အသက်ကြီးရင့်မှုရဲ့ ပုံမှန် အစိတ်အပိုင်း တစ်ခုဖြစ်တယ်။ သို့ပေမယ့် ဆီးချိုသွေး ချိုဝေဒနာရှင် များမှာ ယင်းသို့ဖြစ်ခြင်းကို ပိုမိုလျင် မြန်စေ တတ်တယ်။ အထူးသဖြင့် သွေး တွင်းသကြားဓာတ် ပမာဏကို ဆေးဝါး ဓာတ်စာများနှင့် ထိန်းချုပ်ခြင်း မပြု ရင်တော့ပေါ့" လို့ ဒီးထရွိုက်မြို့ရှိ Henry Ford ဆေးရုံမှ Dr.Derek Handzo က ပြောပါတယ်။ 


Credit : yoyarlay

No comments:

Post a Comment