ဆရာတွေသင်ကြားပုံပြင်ဖို့လိုတယ်
ကျောင်းသားတွေသင်ယူပုံပြင်ဖို့လိုတယ်
၁ - ပညာရေးစနစ် ပြင်ဖို့လိုတယ်
ကျောင်းသားများလွတ်လပ်စာတက္ကသိုလ်ပညာသင်ကြားရေးတွက် တက္ကသိုလ်ဝင်ခွင့်ကို ၁၀ တန်း အမှတ်နဲ့ဖြတ်ချတာမျိုး မလုပ်ပဲ ။ တက္ကသိုလ် တစ်ခုချင်းစီမှာ ၀င်ခွင့်ဖြေဆိုခိုင်ပြီး အောင်မြင်ရင် အဲဒီတက္ကသိုလ်ကို တတ်ခွင့်ပေးသင့်သည် ။
ဥပမာ - ဆေးတက္ကသိုယ်တတ်ချင်တဲ့ ကျောင်းသားများအတွက် သချာင်္ ဓါတု ရုပ မြန်မာ သမိုင်း ဘောဂ ပထ၀ိ အစရှိတဲ့ ဘာသာရပ်များ ရမှတ် အရေးမကြီးပဲ ဇိဝ ဘာသာရပ် ပိုမိုကျွမ်းကျင်ဖို လိုအပ်ပါတယ် ။
အင်ဂျင်နီးယာတက္ကသိုလ်တတ်ချင်တဲ့ ကျောင်းသားများတွက် ဓါတု မြန်မာ သမိုင်း ဘောဂ ပထ၀ိ ဇီဝ အစရှိတဲ့ ဘာသာရပ်များ ရမှတ် အရေးမကြီးပဲ သချာင်္ ရုပ ဘာသာရပ် ပိုမိုကျွမ်းကျင်ဖို့ လိုအပ်ပါတယ် ။
၁၀ တန်းအမှတ်နဲ့ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဆရာဝန် အင်ဂျင်နီယာ ဖြစ်ဖို အရည်အချင်းရှိပြီး ဆေးတက္ကသိုလ် အင်ဂျင်နီးယာတက္ကသိုလ် တတ်ခွင့်မရနိုင်တဲ့ ကျောင်းသားတွေ အတွက် နစ်နာမှုဖြစ်စေပါတယ်။
၂ - ဆရာတွေသင်ကြားပုံပြင်ဖို့လိုတယ်
ဆရာတွေကလည်း ငါသင်တဲ့အတိုင်းရေးမှ အမှန် တစ်ခြားသူသင်တဲ့အတိုင်းရေးရင် အမှန်မပေးဘူးဆိုတဲ့ ပုံစံမျိုးပြင်သင့်တယ် ။ ကျောင်းသားတွေရဲ့ လွတ်လပ်စွာလေ့လာမှုကို အားပေးနိုင်ရမယ် ။ ကျောင်းသားတွေ မေးမြန်ချက်တွေကို တိတိကျကျ ရှင်းပြနိုင်ဖို့လိုတယ် ။
၃ - ကျောင်းသားတွေသင်ယူပုံပြင်ဖို့လိုတယ်
ကျောင်းသားတွေလည်း ကျောင်းက သင်ပေးတဲ့ ပညာလောက်နဲ့ ရပ်တန့်နေလိုမရပါဘူး ။ ကိုယ်တိုင်လေ့လာပြီး ဆရာတွေ သင်ပေးတာထက် ပိုပြီးလေ့လာနိုင်ရမယ် ။ ဆရာတွေကို မေးခွန်းတွေ မေးနိုင်တဲ့ကျောင်းသားဖြစ်အောင် ကြိုးစားရမယ် ။
Credit>>>Min Min Zaw

No comments:
Post a Comment