Monday, February 2, 2015

တံတားဦးတွင် ဗိုလ်ချုပ်ရုပ်တုထားရန် နေရာ လမ်းလယ်ကျွန်းဖြစ်ခြင်းကြောင့် လက်မခံဟုဆို

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် ရာပြည့်ဗိုလ်ချုပ် ရုပ်တုထားရန် လျှောက်ထားသောနေရာမှာ လမ်းလယ်ကျွန်းနေရာဖြစ်နေသည့် အတွက် လက်မခံဟု မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးမှူး က ပြောသည်။
''ဗိုလ်ချုပ်ရုပ်ထု ထားရှိဖို့အတွက် နေရာကို တိုင်းစည်ပင်က ခွင့်မပြုချက်မပေးတာပါ။ တခြားသင့်တော်သော နေရာကို
ပြောင်းလျှောက်နိုင်တယ်'' ဟု ၎င်းကပြောသည်။

စည်ပင်သာယာမှ တာဝန်ရှိသူက စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက် ၄/၂ဝ၁၅ အရ ငြင်းဆို ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာသည် လမ်းလယ်ကျွန်းဖြစ်နေခြင်းကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်ရုပ် တုထားရှိရန် ဖြစ်မြောက်ရေးကော်မတီထံ အကြောင်းစာကိုလည်း ပေးပို့ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
အဆိုပါနေရာသည် လမ်းလယ်ကျွန်း မဟုတ်ကြောင်း၊ အခမ်းအနားလုပ်ဆောင်ရာတွင်လည်း အလေးပြု ရန်နေရာ မရှိသဖြင့် ထိုနေရာကို တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ရာပြည့်ဖြစ်မြောက်ရေး ကော်မတီဝင် ဦးသန့်စင်က ပြောသည်။
''အဲဒီနေရာက လမ်းလယ်ကျွန်းမဟုတ်ပါဘူး။ မြို့မှာ အခမ်းအနားတွေလုပ်ရင် အလေးပြုစရာ ငုပ်တို တောင်မရှိလို့ ဗိုလ်ချုပ်မွေးနေ့အမီ အမှတ်တရလုပ်ချင်တာပါ' ဟု ၎င်းကရှင်းပြသည်။
ထို့ပြင် လမ်းဆုံနေရာ၌ ယခင်က လွတ်လပ်ရေးကျောက်တိုင်ရှိခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်ဝန်းကျင်၌ စည်ပင်က ဖျက်ခဲ့ပြီး လမ်းလယ်ကျွန်းပုံစံသံကွင်းများဖြင့် လုပ်ဆောင်ထားခြင်းသာဖြစ်ကြောင်း၊ ယင်းနေရာသည် မြို့ခံများပိုင်သော သမိုင်းဝင်နေရာဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် တံတား ဦးမြို့၊ ဆေးအိုးဘို ဘုရားရှေ့၊ လွတ်လပ် ရေးကျောက်တိုင်ရှိခဲ့သည့် နေရာတွင် မြေနေရာ တောင်းဆိုခဲ့ခြင်းဖြစ်ကာ မြို့ခံ လူထုများကလည်း လက်ခံကြိုဆိုကြ၍ အလှူငွေများ ထည့်ဝင်ထားသော်လည်း လက်ရှိတွင် မြေနေရာမရသဖြင့် ဆက်လုပ်ရန်ခက်ခဲနေခြင်းဖြစ်သည် ကျောက် ဆည်မြို့တွင်လည်း ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေးကော်မတီက တင်ပြခဲ့သောနေရာတွင်မရရှိဘဲ စည်ပင် သာယာကချပေးသည့် ပန်းခြံထဲ၌ နေရာရှိခဲ့ခြင်းဖြစ်ကြောင်း ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုစိုးသီဟ ၈၈ (ငြိမ်း /ပွင့်) က ပြောသည်။



Credit>>>အင်းလေးမီဒီယာ

No comments:

Post a Comment