Monday, February 2, 2015

သတို့သမီးအရံတွေ တင်ပါးလှန်ပြီး ဓာတ်ပုံရိုက်ခံခြင်းဟာ ရေစီးကြောင်း တစ်ခုအဖြစ် ခေတ်စားလာ



မင်္ဂလာဆောင် ဓာတ်ပုံတွေဆိုတာ သတို့သားနဲ့ သတို့သမီးတို့အတွက် အထူးရက်မြတ်လေးကို အမှတ်ရစေဖို့ဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့အချိန်မှာ သူတို့တွေရဲ့သားစဉ် မြေးဆက် အပျော်တွေ၊ အမှတ်တရတွေကို လက်ဆင့်ကမ်း မျှဝေပေးနိုင်ကောင်းပေးနိုင်ကြမှာပါ။ ဒါပေမယ့် သတို့သား၊သတို့သမီးတွေနဲ့ အရံတွေက ဂါဝန်ဆွဲတင်ပြီး ဖင်ပြောင်ကြီးနဲ့ ဓာတ်ပုံတွေရိုက်လာကြတာကိုတော့ သူတို့ကလေးတွေ ဘယ်လိုပြောဆိုနေကြမလဲဆိုတာ စိတ်ကူးကြည့်ကြပါ။
ဒါနောက်ဆုံးပေါ် မင်္ဂလာဓာတ်ပုံ ရိုက်မှုပုံစံ တစ်မျိုးဖြစ်ပါတယ်။ သတို့သမီးတွေနဲ့ အရံလေးတွေ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း ထုတ်ဖော်လျက် ဓာတ်ပုံတွေ ရိုက်နေကြပါတယ်။ ဒါ အရက်မသောက်သေးခင် ရိုက်ကြတာနော်။
ဒီဟာက ဘယ်တုန်းက စတင်ခေတ်စားလာလဲ ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ပိုအရေးကြီးတာက ဘာကြောင့် ဒီလိုလုပ်ကြရသလဲ။ ဒါပေမယ့် သေချာတာတစ်ခုက သူတို့ရဲ့ မင်္ဂလာဓာတ်ပုံတွေကို စိတ်ဝင်စားမှု ရစေဖို့ နည်းလမ်းရှာကြံ လုပ်ဆောင်နေကြတာပဲ ဖြစ်ပါလိမ့်မယ်။
တချို့လူတွေက ဒီလိုလုပ်ဆောင်ချက်က အပြစ်မရှိ၊ ပျော်မြူးစရာဖြစ်တယ်လို့ ပြောဆိုနေချိန်မှာ အချို့က အဓိပ္ပါယ်မရှိဘူးလို့ ဝေဖန်ပြစ်တင်ပြောဆိုနေကြပါတယ်။ 


Credit>>>Trend Myanmar

No comments:

Post a Comment