Monday, February 2, 2015

အဖေ ဖြစ်တော့မယ်လို့ မွေးနေ့မှာထုတ်ပြောတဲ့ ဂျက်စတင်တင်းဘားလိတ်



အမေရိကန် ပေါ့ပ်စတားဂျက်စတင်တင်းဘား လိတ်က ဇနီးဖြစ်သူ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ဂျက်စီကာ ဘီယယ်မှာ ပထမဆုံးရင်သွေး လေးလွယ်ထားရကြောင်း ၎င်း၏ Instagram လူမှုမီဒီယာမှတစ် ဆင့် ထုတ်ဖော်ပြောကြားသည်။

ဂျက်စတင်တင်းဘားလိတ် သည် နှင်းတောထဲ၌ရိုက်ထား သည့် ၎င်းတို့ ဇနီးမောင်နှံဓာတ်ပုံ ကို ဇန်နဝါရီ ၃၁ ရက်တွင် Instagram စာမျက်နှာ၌ ဖော်ပြ ခဲ့သည်။ ဂျက်စီကာဘီယယ်တွင်ကိုယ်ဝန်ရှိနေပြီဟူသော သတင်း များပျံ့နှံ့နေသည်မှာ လအတန် ကြာပြီဖြစ်သော်လည်း   ယခုမှ ပထမဆုံးအကြိမ် တရားဝင်ထုတ် ဖော်ပြောကြားခြင်းဖြစ်သည်။

၂၀၁၅ ဇန်နဝါရီ ၃၁ ရက် တွင် အသက် (၃၄)နှစ်ပြည့်သော ဂျက်စတင်တင်းဘားလိတ်က ‘‘မွေးနေ့ဆုမွန်ကောင်းတောင်း ပေးသူတွေအားလုံးကို ကျေးဇူး တင်ပါတယ်။ ဒီနှစ်အတွက် အကောင်းဆုံးလက်ဆောင်ကို ရထားပါတယ်။ လုံးဝမစောင့်နိုင် တော့ဘူး။ သားလေးလား၊ သမီး လေးလားဆိုတာကို ကျွန်တော်တို့တွေလောင်းထားတယ်’’ဟု In-stagram စာမျက်နှာ၌ ရေးသား ခဲ့သည်။   ဂျက်စတင်တင်းဘား လိတ်သည်    ရင်သွေးသတင်းကို အသက် (၃၄)နှစ်ပြည့်မွေးနေ့၌ တရားဝင်   ကြေညာခဲ့ခြင်းဖြစ် သည်။ 



Credit>>>ဖိုးသူတော်

No comments:

Post a Comment