ကားတင်သွင်းသူများ အတွက် ကားပါကင်ထောက်ခံချက်စောင်ရေ တစ်ထောင်ကျော် ကို ထုတ်ပေးထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့မှ သတင်းရရှိသည်။
Free Permit ဖြင့် တင်သွင်း သည့် ကားများတွင် ကားပါကင် ပါဝင်ရမည်ဆိုခြင်းကြောင့် စုစု ပေါင်းကားပါကင်ထောက်ခံချက် စောင်ရေ ၁,၈၀၀ ကျော်ကို မူဝါဒ စတင်ပြောင်းလဲသည့် ၂၀၁၅ ခုနှစ်ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ ဖေဖော်ဝါရီလ ပထမပတ်အထိ ထုတ်ပေးထားကြောင်း ကားပါကင် ထောက်ခံချက် စစ်ဆေး ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အများစုမှာ တစ်ဦးချင်းတင် သွင်းရာမှ လိုအပ်သည့် ပါကင် ထောက်ခံချက်များကို ထုတ်ပေး ခြင်းဖြစ်ပြီး အချို့ထောက်ခံချက် များမှာ နယ်မှရန်ကုန်မြို့သို့အမည် ပြောင်းကားများကို ထုတ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
ဇန်န၀ါရီ ၁ ရက်နေ့မှစတင် ပြီး တစ်ပတ်လျှင် ပါကင်ထောက် ခံချက် ၂၀၀ မှ ၃၀၀ အထိ ရှိခဲ့ပြီး ပါကင်ထောက်ခံချက်များကို အ ပတ်စဉ်သောကြာနေ့တိုင်း ထုတ် ပေးနေကြောင်း သတင်းရရှိသည်။‘‘ပါကင်ထောက်ခံချက်က နေရာမှန်ရင် မကြာပါဘူး။ မြန်ပါ တယ်။ အထောက်အထားပြည့်စုံ ဖို့တော့ လိုတယ်’’ဟု တစ်နိုင်တစ်ပိုင်ကားတင်သွင်းသူ ကိုမြတ်မင်း စိုးက ပြောသည်။
သို့သော် လက်ရှိတွင် ကားပါကင်ထောက်ခံချက်များတင်ပြရာ တွင် လိမ်လည်တင်ပြမှုများရှိပါက စစ်ဆေးအရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကားပါကင်ထောက်ခံချက်ကို ၁လအတွင်း လက်ဝယ်တွင် ကားတင်သွင်းရန် လျှောက်ထားရ မည်ဖြစ်ပြီး တစ်လကျော်ပါက ပြန်လည်လျှောက်ထားရမည် ဖြစ် သည်။
ကားပါကင်ထောက်ခံချက် များတင်ပြရာတွင် မြို့တွင်းပိုင်း၌ နေထိုင်သူက မြို့စွန်ရှိ မြေနေရာ အလွတ်တွင် ကားပါကင်အတွက် မြေနေရာပြသနိုင်ပါက ထောက်ခံ ချက်ရရှိသောကြောင့် ကားတင် သွင်းသူ အများစုက ဝေဖန်ကြ သည်။
လက်ရှိကားပါကင်နေရာအ တွက် ငှားရမ်းခအဖြစ် ဒဂုံမြို့သစ် တောင်ဒဂုံအစရှိသော မြို့သစ်မြို့ နယ်များတွင် ၁၀ ပေမြေတစ်ပိုင်း ကို ငါးသောင်းမှ ခြောက်သောင်း အထိ ပေးနေရပြီး ၁၀ ပေကျော်ပါက သိန်းကျော်အထိ ကာလ ပေါက်ဈေးရှိကြောင်း စိုင်းငွေမင်း အိမ်ခြံမြေအကျိုးဆောင်က ပြော ကြားသည်။
ကားပါကင်ထောက်ခံချက် အတွက် မြေနေရာကို ဆလွန်းမီနီ ၀က်ဂွန်များအတွက် အလျား ၁၅ ပေ၊ အနံ ၈ ပေရှိရမည်ဖြစ်ပြီး လိုက်ထရပ် Double Cap, Pick Cap အစရှိသော ကားကြီးများအ တွက် အလျား ၂၀ ၊ အနံ ၁၀ ရှိရ မည် ဖြစ်သည်။

No comments:
Post a Comment