ရွှေပြည်သာ
စက်မှုဇုန်အတွင်းမှာ သပိတ်စခန်းဖွင့်ထားတဲ့ စက်ရုံ ၅ရုံက
အလုပ်သမားတစ်ထောင်ကျော်ဟာ အခြေခံလစာ တိုးမြှင့်ပေးဖို့၊
ဖိနှိပ်ချုပ်ခြယ်မှုတွေ လျှော့ချဖို့နဲ့ အလုပ်သမားသမဂ္ဂတွေကို
အသိအမှတ်ပြုဖို့ ဖေဖော်ဝါရီ ၉ရက်နေ့က ပူးပေါင်းဆန္ဒပြခဲ့ပါတယ်။
အနိမ့်ဆုံးလုပ်ခလစာငွေ တိုးမြှင့်ပေးရေးအတွက် Red Stone, Elan Myanmar, Hanjen, Ford Glory, Costec စက်ရုံ
၅ခုက အလုပ်သမား တစ်ထောင်ကျော်ဟာ သီတင်းတစ်ပတ်လောက်ကြာတဲ့ သပိတ်စခန်းကို
ဖွင့်ထားပြီး ကြားကာလမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ ၂ကြိမ်တိုင်တိုင်
ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ မဝင်းပပက ပြောပြပါတယ်။ အခြေခံလစာကို
အရင်က တစ်လ ၃သောင်းပဲ တောင်းခဲ့ပေမယ့် အလုပ်ရှင်တွေက အသိအမှတ်မပြုလို့
နှစ်ဆမြှင့်ပြီး ကျပ်၆သောင်းရရှိရေး တောင်းဆိုနေတဲ့အကြောင်း၊
တောင်းဆိုချက်မရမချင်း သပိတ်စခန်းဖွင့်ထားမယ်လို့ ဆိုပါတယ်။
အလုပ်သမားတစ်ထောင်ကျော်ဟာ
ထန်းခြောက်ပင်မှတ်တိုင်ကနေ စတင်လမ်းလျှောက်ချီတက်ကြပြီး ရွှေပြည်သာက
စက်ရုံအလုပ်ရုံတွေရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရအနေနဲ့
အလုပ်သမားသမဂ္ဂတွေကို အသိအမှတ်ပြုဖို့နဲ့ အနိမ့်ဆုံးအခြေခံလစာကို
အမြန်ဆုံးသတ်မှတ်ပေးဖို့ ရွှေပြည်သာအထည်ချုပ်အလုပ်သမား သမဂ္ဂ ဥက္ကဌ
ကိုမိုးဝင်းက တောင်းဆိုပါတယ်။ လက်ရှိတောင်းဆိုထားတဲ့
အနိမ့်ဆုံးအခြေခံလစာရဲ့ အပြည့်မဟုတ်တောင် တတ်နိုင်သမျှ လိုက်လျောဖို့၊
အစိုးရသတ်မှတ်တာကြာနေတဲ့ကိစ္စ မစောင့်နိုင်တဲ့အကြောင်း၊
ဒီပြဿနာကိုမဖြေရှင်းရင် ကြီးမားတဲ့အလုပ်သမားသပိတ်ကြီးေ တွနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးခဲ့ပါတယ်။
Credit>>>Kamayut Media

No comments:
Post a Comment