Wednesday, February 11, 2015

လက်ရှိခေတ်အစားဆုံး ဆံပင်ကာလာ (၄)မျိုး






ဟောလီးဝုဒ်က အနုပညာရှင်တွေကြားထဲ လက်ရှိခေတ်စားနေတဲ့ ဆံပင်ကာလာအရောင်တွေကို ဖော်ပြပေးချင်ပါတယ်။ သဘောကျတယ်ဆိုရင်တော့ သင့်ဆံပင်ကာလာကို ခပ်မြန်မြန်လေး ပြောင်းပစ်လိုက်ပေါ့နော်။

၁။အညိုရင့်ရင်

အားလုံးသိကြတဲ့အတိုင်း ချောကလက်ရောင်အရင့်ဟာ ၂၀၁၅ခုနှစ်မှာ ပိုမိုခေတ်စားလာမယ့် ဆံပင်ကာလာလို့ ဆိုကြသလိုပဲ အညိုရင့်ရောင်ကလည်း အနုပညာရှင်တွေကြား ခေတ်စားမြဲခေတ်စားနေဆဲပါ။ သူက ကြည့်ရတဲ့သူ အမြင်လည်း မရိုင်းတာကြောင့် ဆယ်ကျော်သက်တွေရော၊ အပျိုကြီးမမတွေပါ ဆိုးနိုင်ပါတယ်။

၂။နီညိုရောင်

ဆံပင်ဆိုးလိုက်လို့ မျက်နှာဖွေးသွားတာမျိုး လိုချင်တယ်ဆိုရင်တော့ Emma Stone ဆိုးထားတဲ့ ကာလာမျိုး ဆိုးကြည့်စေချင်ပါတယ်။ သူက လိမ္မော်ရောင်ချည်းပဲလည်း မဟုတ်သလို အနီရောင်ချည်းပဲလည်း မဟုတ်ပြန်ပါဘူး။ ဒါကို တစ်ချိုကတော့ နီညိုရောင်လို့ ဆိုကြပါလိမ့်မယ်။

၃။မီးခိုးရောင်

သင်က ကာလာအဆန်းတွေကိုမှ ဆိုးချင်သူဆိုရင်တော့ မီးခိုးရောင်ကိုသာ ရွေးချယ်လိုက်ပါ။ ဒီလိုကာလာ ဆိုးထားတယ်ဆို၇င် ဖက်ရှင်ကျကျ ၀တ်ဆင်ဖို့တော့ လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီကာလာဆိုးလိုက်တာနဲ့ လူတွေရဲ့ အာရုံစိုက်တာကို ခံရမှာ သေချာနေလို့ပါပဲ။

၎။သဘာဝကျကျ Highlight များ

ကာလာအနက်ကို အနီရောင်တို့ဘာတို့ အညိုရောင်တို့ သုံးလေးမျိုး highlight ဖောက်မယ့်အစား ခုလို အညိုကိုမှ အညိုနု၊ အ၀ါ၊ အနက် မတိမ်းမယိမ်း အရောင်လေးတွေ ရွေးချယ်ပြီး ဆိုးလိုက်မယ်ဆိုရင် ဒါဟာ ယဉ်ယဉ်ရိုးရိုးလေးနဲ့ ဆွဲဆောင်မှု ရှိစေမှာ အမှန်ပါပဲ။


Credit>>>Trend Myanmar





No comments:

Post a Comment