Wednesday, February 11, 2015

အပြေးလေ့ကျင့်နေစဉ်မှာ ရှောင်ရှားရမယ့် အမူအကျင့်များ



ကျွန်ုပ်တို့ အားလုံးဟာ မနက်ဘက်တွင် ဖြစ်စေ ၊ ညနေခင်းတွင်ဖြစ်စေ ကျန်းမာရေူအတွက် အပြေးလေ့ကျင့် လေ့ရှိကြပါတယ်။ အပြေးလေ့ကျင့်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဆိုပေမယ့်လည်း အပြေးလေ့ကျင့်နေစဉ်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေကို ရှောင်ကြဉ်ရပါလိမ့်မယ်။ ရှောက်ကြည်သင့်တဲ့ အချက်တွေကတော့

၁။ နာကျင်မှုတစ်ခုခုကို ခံစားနေရစဉ်မှာ ပြေးခြင်း

တစ်ချို့ လူတွေဟာ နာကျင်မှုတစ်ခုခုကို ခံစားနေရချိန်မှာ အားမလျှော့ပဲ ဆက်လက်ပြေးနိုင်ခြင်းဟာ သူရဲကောင်းဆန်တယ်လို့ မှတ်ယူထားပါလိမ့်မယ်။ ဒါဟာ စစ်ပွဲတွေမှာတော့ မှန်ပါလိမ့်မယ်။ ကျန်းမာရေးအတွက် လေ့ကျင့်နေတဲ့အချိန်မျိုးမှာတော့ ဒါဟာမှားယွင်းပါတယ်။ သင့်ရဲ့ နာကျင်မှုတွေ ပိုမို မပြားလာစေဖို့ နာကျင်မှုဖြစ်နေမှန်း သိလိုက်ရတဲ့ အချိန်မှာပဲ ပြေးနေခြင်းကို ချက်ချင်း ရပ်နားလိုက်သင့်ပါတယ်။

၂။ မသင့်တော်တဲ့ ဖိနပ်ကို စီးခြင်း

အပြေးလေ့ကျင့်ဖို့အတွက် နာမည်ကြီး အားကစား ဖိနပ်တွေကို ၀ယ်ယူတဲ့အခါမှာ အပို အလုပ်တွေလုပ်တယ်လို့ တစ်ချို့ ကထင်ကြပါလိမ့်မယ်။ အမှန်တော့ ဒါဟာ လိုအပ်ပါတယ်။ ခြေထောက်ဟာ ဖိနပ်ထဲမှာ သက်တောင့်သက်သာနဲ့ ရှိနေစေဖို့လိုအပ်သလို ဖိနပ်ရဲ့ ဆိုးလ် ဟာ လည်း အရေးပါပါတယ်။ ဒါကြောင့် အားကစားဖိနပ်တွေကိုသာ စီးပြီးပြေးသင့်ပါတယ်။

၃။ အကြောမလျှော့ပဲ မပြေးပါနဲ့။

သင်ဟာ အပြေးလေ့ကျင့်ဖို့ကို ကျောင်းသားတစ်ယောက် စာကျက်သလို မြန်မြန်ပြီးရင်ပြီးရော ဆိုတဲ့ စိတ်မျိုးနဲ့ လုပ်လို့မရပါဘူး။ ကျန်းမာရေးအတွက် မပြေးခင် ကျန်းမာရေးနဲ့ ညီညွတ်အောင် အကြောတွေကို ဖြေလျှော့ပေးရပါတယ်။ အကြေမလျှော့ပဲ ပြေးမယ်ဆိုရင်တော့ သင်ဘယ်လောက်ပြေးပြေး ကျန်းမာရေး အတွက် အထောက်အပံ့မဖြစ်စေပါဘူး။

၎။ ဖနောင့် နဲ့ အရင် ခြေမချမိပါစေနဲ့။

သင်ဟာ အပြေးလေ့ကျင့်နေတယ်ဆိုပေမယ့် အန္တရာယ်တစ်ခုက လွတ်မြောက်အောင် ထွက်ပြေးသလို အရှိန်မြန်ဖို့ချည်းပဲ ကြည့်နေလို့မရပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေနဲ့ ပြေးရပါလိမ့်မယ်။ ဒါကြောင့် ခြေဖျားများအား အရင်ချစေပြီးမှ ဖနောင့်ကိုချရမယ့် အပြေးလေ့ကျင့်ရေး နည်းလမ်းကို လိုက်နာပါ။

၅။ သင့်ရဲ့လက်ကို အရမ်းမလွှဲမိပါစေနဲ့။

တစ်ချို့အပြေးသမားတွေဟာ အပြေးလေ့ကျင့်တဲ့အခါမှာ မာန်ပါပါနဲ့ အားရပါးရ လက်တွေကို လွှဲပြီးပြေးကြပါတယ်။ ဒါဟာ ခွန်အားတွေကို ကုန်ဆုံးစေပါတယ်။ တကယ်တော့ လက် ၂ ဖက်ဟာ အပြေးလေ့ကျင့်နေစဉ်မှာ တင်ပါးနားမှာသာ ရှိနေသင့်ပါတယ်။


Credit>>>Trend Myanmar

No comments:

Post a Comment