Tuesday, February 10, 2015



မော်ဒယ် သရုပ်ဆောင် ဂန္ထဝင်တစ်ယောက် ဆီဒိုးနားဟိုတယ်မှာ ဖေဖော်ဝါရီ ၁ဝရက်နေ့က သတို့သား ကိုသန်းဇော်အောင်နဲ့ ရွှေလက်တွဲ ဂဟေဆက်တဲ့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက် အနုပညာလောကက မိတ်ဆွေတွေ အများအပြား တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။
စီးပွားကူးသန်းဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်ပြည့်စုံ (အငြိမ်းစား)နဲ့ဇနီးတို့က မင်္ဂလာပန်းကုံးတွေ ချီးမြှင့်ခဲ့သလို ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းက မင်္ဂလာလက်စွပ်တွေ ဝတ်ဆင်ပေးခဲ့ပါတယ်။ အဆိုတော် မေခလာ၊ သရုပ်ဆောင် ရဲအောင်နဲ့ အနုပညာရှင်တွေက မင်္ဂလာသီချင်းတွေ သီဆိုပေးခဲ့ကြပါတယ်။
ယနေ့မှစလို့ နှစ်တစ်ရာတိုင်လို့ အလွယ်ပြောနေကျစကားမဟုတ်ဘဲ လူ့သက်တမ်းစေ့နေနိုင်တဲ့ အချိန်အတွင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ငြိမ်းချမ်းတဲ့ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဦးလူမင်းက ဆုတောင်းပေးခဲ့ပါတယ်။
မော်ဒယ်လောကထဲ စတင်ဝင်လာကတည်းက အတူတူဖြတ်သန်းလာတဲ့ ညီအစ်မတွေလို ခင်မင်ကြတဲ့ ပွင့်နဒီမောင်က သူတို့နှစ်ဦး ဖူးစာပါလို့ ဆုံစည်းခဲ့ကြပြီး သူငယ်ချင်းတွေ ဘဝတစ်ခုတွဲဖက်လိုက်တာမို့ ပိုပြီးဝမ်းသာတယ်လို့ ဆိုပါတယ်။
ဂန္ထဝင်အတွက် အဆိုတော် စမိုင်းလ်နဲ့ သရုပ်ဆောင် ချစ်စနိုးဦးတို့ကလည်း မင်္ဂလာဦးဆုတောင်းတွေ အမှတ်တရ တောင်းပေးခဲ့ကြပါတယ်။

Credit>>>Kamayut Media

No comments:

Post a Comment