၂၀၁၅ ဂရမ်မီ ဆုပေးပွဲကြီး ကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး ပေးအပ်တဲ့ ဆုတွေထဲမှာ အကြီးကျယ်ဆုံး ဖြစ်တာမို့ ကမ္ဘာတစ်ဝန်းက နာမည်ကျော် ဂီတပညာရှင်တွေ၊ အဆိုတော်တွေ တက်ရောက်ခဲ့ကြ ပါတယ်။ အခမ်းအနားပွဲကို တက်ရောက်လာ သူတွေ ထဲမှာ ဘယ်သူ အလန်းဆုံး ဖြစ်ခဲ့သလဲ ဆိုတာကို ဒေးလီးမေးလ် သတင်းစာက သုံးသပ် ဖော်ပြခဲ့ ပါတယ်။
ယနေ့ ကမ္ဘာမှာ အကျော်ကြားဆုံး ဖြစ်နေကြတဲ့ အမျိုးသမီး အဆိုတော်တွေ ဖြစ်ကြတဲ့ ဘီယွန်းစေး၊ လေဒီဂါဂါ၊ နစ်ကီမီနာ၊ တေလာဆွစ်ဖ်၊ မိုင်လေးဆိုင်းရပ်စ်၊ မက်ဒေါ နားစတဲ့ သူတွေ ၀တ်ဆင်လာတဲ့ အ၀တ် အစားတွေကို ကြည့်ပြီး ဘယ်သူ အလန်းဆုံး ဖြစ်တယ် ဆိုတာကို သတ်မှတ်ခဲ့ခြင်း ဖြစ်ပါ တယ်။ ရက်ပ်ပါ အဆိုတော် ကီယင်ဝက်စ်ရဲ့ ဇနီးဖြစ်သူ အမေရိကန် ရုပ်သံစတား ကင်မ်ကာဒီရှီယန်လည်း ဒီပွဲတော်ကို တက်ရောက်ခဲ့ တာမို့ အလန်းဆုံး ဘယ်သူ ဖြစ်တယ်ဆိုတဲ့ စာရင်းထဲမှာ ထည့်သွင်းခြင်း ခံခဲ့ရပါတယ်။
ဂရမ်မီဆုပေးပွဲမှာ အားလုံးကို ဆွဲဆောင်သိမ်းပိုက်သွားခဲ့သူ ကတော့ ဘီယွန်းစေးပဲ ဖြစ်ပါတယ်။ ဘီယွန်းစေးရဲ့ အလှအပဟာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ယဉ်ယဉ် ကျေးကျေး ၀တ်ဆင်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အနက်ရောင် ဂါဝန် ၀မ်းဆက်ကို ၀တ်ဆင်ပြီး အားလုံးကို သိမ်းပိုက် သွားခဲ့တာ ဖြစ်ပါတယ်။ ဂရမ်မီဆုပေးပွဲမှာ ဘီယွန်းစေးဟာ ထူးချွန်ဆုတွေကို ရယူနိုင်ခဲ့ ပါတယ်။ ရက်ဂ်ပါ ဂျေးဇက်ရဲ့ ဇနီးဖြစ်သူ ဘီယွန်းစေးဟာ ဂရမ်မီဆု ပေးပွဲမှာ အထင်ရှားဆုံး အဖြစ် သတ်မှတ်ခြင်း ခံလိုက်ရ ပါတယ်။ အသက် (၃၂)နှစ်ရှိပြီ ဖြစ်တဲ့ နစ်ကီမီနာဟာလည်း အနက်ရောင်ဝမ်း ဆက်ကို ၀တ်ဆင်ပြီး သူ့ရဲ့အလှအပတွေကို ထုတ်ပြသွားခဲ့ပါတယ်။ နစ်ကီမီနာရဲ့ ၀တ်စား ဆင်ယင်မှုကလည်း စွဲမက်စရာ တစ်ခု ဖြစ်ခဲ့ပါ တယ်။
ရုပ်သံစတား ကင်မ်ကာဒီရှီယန် ကလည်း ထူးခြားတဲ့ ၀တ်စုံနဲ့ အားလုံးကို ဖမ်းစားခဲ့ ပါတယ်။ မထင်မှတ်တာတွေကို လုပ်ပြတတ်တဲ့ လေဒီဂါဂါ ကတော့ ဒီပွဲတော်မှာ မွန်ရိုး ခေတ်တုန်းကပုံစံမျိုး ၀တ်ဆင်ခဲ့ပါတယ်။ အသက်(၅၆)နှစ်ရှိပြီဖြစ်တဲ့ မက်ဒေါနား ကတော့ လန်းနေတုန်းပဲလို့ ပြောရမှာဖြစ်ပါ တယ်။ မက်ဒေါနားဟာ ဆယ်ကျော်သက်ပုံစံ မျိုးဝတ်ဆင်လာခဲ့တာဖြစ်ပါတယ်။ တေလာဆွစ်ဖ် ကတော့ သူ့ရဲ့ထုံးစံ အတိုင်း ရိုးရိုးယဉ် ယဉ်လေးကိုပဲ ၀တ်ဆင်လာခဲ့ ပါတယ်။ ဗြိတိန် အဆိုတော် ရီတာအိုရာ ကတော့ ငွေရောင်ဝမ်းဆက် ၀တ်စုံကို ၀တ်ဆင်ခဲ့ပါတယ်။
အဖော် အချွတ်တွေ ပြုလုပ်ပြတတ်တဲ့ မိုင်လေး ဆိုင်းရပ်စ် ကတော့ ဒီပွဲတော်မှာ နောက်ကျော အနည်းငယ်မလုံတာက လွဲပြီး သူ့ရဲ့ဝတ်စုံဟာ လှပနေခဲ့ ပါတယ်။ ရီဟားနားကတော့ ပန်းရောင်း ၀မ်းဆက်ဂါဝန်ကို ၀တ်ဆင်ခဲ့ပါတယ်။ ဂရမ်မီဆုပေးပွဲမှာ ဗြိတိန်ပေါ့ပ် အဆိုတော် ဆမ်စမစ်က ထူးချွန်ဆုလေးဆုရ ယူပြီး အအောင်မြင်ဆုံး အဖြစ် မှတ်တမ်းဝင်သွား ခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ ဆမ်စ မစ်ဟာ သူ့ကိုယ်သူ မိန်းမလျာအဖြစ် ၀န်ခံ ထားသူလည်းဖြစ်ပါတယ်။

No comments:
Post a Comment