ဗိုလ်ချုပ်အောင်ဆန်း
ရုပ်ရှင်ဖြစ်မြောက်ရေးနဲ့ ရာပြည့်မွေးနေ့ပွဲ ရန်ပုံငွေရှာတဲ့
နှင်းဆီအငြိမ့်ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၉ရက်နေ့က အမျိုးသားဇာတ်ရုံမှာ
ကပြခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ဆောင်ချက်တွေကို
သရုပ်ဖော်တင်ဆက်မှုတွေနဲ့အတူ နှင်းဆီအငြိမ့်နဲ့ ဘယ်သမီးတွေ ကပြခဲ့ကြသလဲ။
လူရွှင်တော်မင်းသား
နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်းတို့ ၄ယောက်နဲ့အတူ
ဖူးစုံ၊ မေကဗျာ၊ မိုးယုစံ၊ မိုးပြည့်ပြည့်မောင်၊ အိချောပို၊
ဟန်နွေငြိမ်းတို့ကလည်း အငြိမ်းမင်းသမီးတွေအဖြစ် ပါဝင်ကပြခဲ့ကြပါတယ်။
ဗိုလ်ချုပ်ဟာ မြန်မာပြည်သားတိုင်းနဲ့ဆိုင်ပြီး ခုခေတ်လူငယ်တွေ
ချစ်သူများနေ့ကိုပဲ အာရုံစိုက်နေကြလို့ ဒီဖျော်ဖြေပွဲကနေ ဗိုလ်ချုပ်ဆိုတာ
ဘယ်လိုလူမျိုးလဲ၊ ဘာတွေလုပ်ခဲ့သလဲဆိုတာ လူငယ်တွေရင်ထဲရောက်စေချင်လို့
တင်ဆက်တာဖြစ်ပါတယ်လို့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း
နှစ် ၁ဝဝပြည့်မွေးနေ့အဖြစ် မှတ်မှတ်ရရ ကပြရတာဖြစ်ပြီး အနုပညာသမားတစ်ယောက်
အဖြစ်နဲ့ရော နိုင်ငံသားတစ်ယောက်အနေနဲ့ပါ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ေ ရးအတွက်
လှူဒါန်းခွင့်ရလို့ ဝမ်းသာပါတယ်လို့ ဆိုလာသူက နေတိုးပါ။
ဖျော်ဖြေပွဲကြည့်တဲ့ ပရိသတ်တွေကသာ အလှူရှင်အစစ်တွေမို့ လုပ်အားဒါနပါဝင်ရလို့
ဂုဏ်ယူတယ်လို့ ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ အားလုံးရင်ထဲ မေ့ဖျောက်လို့မရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးဖြစ်တာေ ကြာင့် ဗိုလ်ချုပ်ရုပ်ရှင် ဆက်လက်ရိုက်ကူးနိုင်ဖို့ အကူအညီလိုအပ်နေတာဖြစ်တဲ့အကြောင်း၊
နှင်းဆီအငြိမ့်ဖျော်ဖြေပွဲမှာ ဗိုလ်ချုပ်ရုပ်ရှင်ကို
အမြည်းသဘောပြမှာဖြစ်ပြီး အလှူငွေထည့်ဝင်စေချင်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်အကြောင်း တကယ်သိလာတဲ့အခါ ဗိုလ်ချုပ်ကျေးဇူးတွေ
ပိုသိလာခဲ့ရတယ်လို့ ပြောပါတယ်။
နှစ်ရက်ကြာ
အမျိုးသားဇာတ်ရုံမှာ ဖျော်ဖြေတင်ဆက်နေတဲ့ နှင်းဆီ ရန်ပုံငွေအငြိမ့်ကို
စတင်တဲ့ပထမနေ့မှာ ပရိသတ်တွေ အများအပြား အားပေးခဲ့ကြပါတယ်။ လက်မှတ်ခ
ဈေးကြီးတယ်ဆိုတာက ဗိုလ်ချုပ်ရုပ်ရှင်ပေါ်ပေါက်လာဖို့က
လူတိုင်းမှာတာဝန်ရှိတာကြောင့် ဂန္ထဝင်မြောက် ရုပ်ရှင်ကြီးအတွက်
အလှူငွေထည့်ပါတယ်ဆိုတဲ့ သဘောမျိုးနဲ့ဖြစ်ပါတယ်လို့ စီစဉ်သူ ပတ္တမြားကေခိုင်က
ပြောပါတယ်။
Credit>>>Kamayut Media
No comments:
Post a Comment