Wednesday, February 11, 2015

ကိုယ်ဝန်ဆောင်နေစဉ်ဗိုက်ကြောပြတ်တာကို ဘယ်လိုပြန်ပျောက်အောင်လုပ်မလည်း။အမျိုးသားများဟာလည်း အကြောပြတ်တတ်တာမို့ လေ့လာထားသင့်ပါတယ်။



ကိုယ်ဝန်ဆောင်ချိန် အမျိုးသမီးများဟာ အနည်းနှင့် အများဆိုသလို ဗိုက်ကြောပြတ်ခြင်းကို တွေ့ကြုံကြရပါတယ်။ ဗိုက်ကြောပြတ်တယ်ဆိုတာကတော့အခြေခံအားဖြင့် အ၀လွန်းခြင်းမျိုး၊ အသားကိုလိုတာထက်ပိုမိုတင်းခံနိုင်နူန်းထက် ပိုမို ဆွဲတင်းလာတဲ့အခါ အရေပြားအောက်ဘက်မှ ဆွဲလို့ရနိုင်သော အမျှင်လေးများပြတ်ထွက်သွားပြီး ဗိုက်ကြောပြတ်ခြင်းဆိုတဲ့ အစင်းများဖြစ်ပေါလာပါတယ်။ စတင်ပြတ်တဲ့အခါမှာ နီညိုရောင် ပန်းရောင်စင်းများဖြစ်ပေါပြီး နောက်ပိုင်းမှာတော့ မီးခိုးရောင် အဖြူရောင်အစင်းများ အဖြစ် မပျောက်ပဲတာရှည် ဖြစ်ပေါ်သွားတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များစု အနေနဲ့ကလည်း ကလေးကြီးထွားနူန်းမြန်ဆန်မူတွေပေါမှာမူတည်ပြီးဗိုက်ကြောပြတ်ခြင်းဖြစ်ပေါ်တယ်လို့ တချို့လေ့လာချက်တွေကဆိုပါတယ်။ ပုံမှန်အတိုင်းတစ်ဆင့်ခြင်းကလေးကြီးထွားသူများကဗိုက်ကြောပြတ်ခြင်းနည်းတယ်လို့ လည်းဆိုကြပါတယ်။ 
ဗိုက်ကြောပြတ်တာကိုကာကွယ်ဖို့ ဆိုတာကတော့ နည်းလမ်းအနေနဲ့နည်းပါပြီး လုံးဝ မပြတ်အောင်တော့ ကြိုတင်ကာကွယ်မူလုပ်လို့ မရနိုင်ဘူးလို့ လေ့လာချက်တွေက ဆိုပါတယ်။ နည်းလမ်းများအနေနဲ့ကတော့ မိခင်ဟာအမြဲရေဓါတ်ကြွယ်ဝနေဖို့ လို ပြီး ဗိုက်ကိုလည်း အမြဲစိုနေသော အရည်များလိမ်းသင့်တယ်လို့ ဆိုပါတယ်။ သံလွင်ဆီ လိမ်းခြင်းဟာတော့ဗိုက်ကြောပြတ်တာကို ကာကွယ်တဲ့ အကောင်းဆုံးနည်းတွေထဲကတစ်ခုပါပဲ။ 

ဗိုက်ကြောပြတ်တာကိုကာကွယ်ဖို့ လိမ်းဆေးများလည်းအထူးထုတ်လုပ်ထားတာတွေနာမည်အမျိုးမျိုးဖြင့်ရှိကြပါတယ်။ ပြတ်ပြီးသားကို ပျောက်အောင်လုပ်ဖို့ တော့ ခွဲစိတ်တာတွေ လေဆာဖြင့် ပြုပြင်တာတွေ ဆေးတွေသုံးပြီး ပြုလုပ်တာတွေလည်း ရှိကြပါတယ်။ ဒီလို နည်းတွေကတော့ခက်ခဲပြီးဈေးနူန်းအားဖြင့်လည်း များပြားမှာအသေအချာပါပဲ။ 

အခုတင်ပြလိုက်တဲ့နည်းတွေကတော့top10homeremedieswebsiteမှာ ပြောပြထားတဲ့ ပြတ်ပြီးသား
အကြောတွေကိုသက်သာလျော့နည်းစေတဲ့နည်းလမ်းကောင်းလေးတွေဖြစ်ပဲပါတယ်။


***တစ်ချို့နည်းတွေကိုတော့ကိုယ်ဝန်ဆောင်နေစဉ်မှာ မလိုအပ်ပဲ အတင်းမလုပ်ဖို့ အကြံပြုလိုက်ပါတယ်***

၁) အာလူးရည်

အာလူးကို အပြားလေးတွေလှီးပြီး အာလူးပြားလေးတွေနဲ့ အကြောပြတ်တဲ့နေရာတွေကို ပွတ်ပေးဖို့ ပါပဲ။ အာလူးမှအစိုဓါတ်တွေ ကိုယ်မှာခြောက်သွားမှ ရေနွေးနွေးလေးနဲ့ ဆေးပေးလိုက်ရင်ရပါပြီ။

၂) သကြား

သကြားတစ်ဇွန်းကို almond သီးဆီ နည်းနည်း၊ လီမွန်ရည် ၃-၄စက်နဲ့ ရောမွေပြီး လိမ်းပေးရပါမယ်။ ရေမချိုးခင် ၁၀မိနစ်လောက်မှာ နေ့တိုင်းလိမ်းပေးခြင်းဖြင့် တစ်လလောက်အကြာမှာ သက်သာလာပါလိမ့်မယ်။

၃) ရှားစောင်းလက်ပတ်

ရှားစောင်းကတော့ အသားအရည်နှင့်ပါတ်သက်ရင် မပါမဖြစ် ဖြစ်ပါတယ်။ ရှားစောင်းအနှစ်ကို အကြောပြတ်တဲနေရာပေါ်မှပွတ်လိမ်းပေးပြီး ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးခြင်းဖြစ်ပါတယ်။
ရှားစောင်းမှာပဲနောက်တစ်နည်းကတော့ ရှားစောင်း အနှစ်ကို ခွက်ရဲ့လေးပုံတစ်ပုံလောက်ထည့်ပြီး ဗီတာမင် အီးဆေး ၁၀လုံးမှ အဆီ ရယ် ဗီတာမင် အေ ၅လုံးမှ အဆီကို ရောပြီး အသားပေါ်မှာ အားလုံးစုပ်သွားတဲ့အထိ ပွတ်ပေးပါကလည်း ပျောက်ကင်းတယ်လို့ ဆိုပါတယ်။ ( မှတ်ချက်- ဗီတာမင်ဆေးများရဲ့ ပါဝင်မူနူန်းကိုတော့ အတိအကျမဖော်ပြထားလို့ မသေချာရင်တော့ မစမ်းသင့်ပါဘူး။

၎) ရေ

ရေများများ သောက်ရင်လည်း အသားအရည်တွေက ရေဓါတ်ကြွယ်ဝပြီး မြန်မြန်ပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ်။

၅) လီမွန်အရည်

အာလူးလိုပါပဲ လီမွန်သီးကို လိမ်းပေးခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။ သခွားသီးနဲ့ လီမွန်ဆတူကို ညှစ်ပြီး ရောလိမ်းပေးလို့လည်းရပါတယ်။

၆) သံလွင်ဆီ

သံလွင်ဆီကတော့ အကြောပြတ်ထားတာတွေပျောက်တဲ့အကောင်းဆုံးအဆီလို့ ဆိုပါတယ်။ လိမ်းလိုတဲ့နေရာပေါ်မှာ သွေးတွေပူလာတဲ့အထိ ပွတ်လိမ်းပေရပါမယ်။ပြန်ဆေးစရာမလိုပဲ ကိုယ်ဝန်ဆောင်နေစဉ်ကတည်းကလိမ်းလို့ရပါတယ်။ တစ်နေကုန်လိမ်းထားလည်းဘားမှ အသားအရည်ကို ဆိုးကြိုးမပေးပါဘူး။

၇) Cocoa Butter

ဒါကတော့ ကိုကို သီးကလုပ်တဲ့ထောပါတ်ပါ။ နိုင်ငံခြားမှာတော့ ကိုယ်ဝန်ဆောင်တွေကိုယ်ဝန်ဆောင်နေစဉ်ကော ကိုယ်ဝန်ဆောင်ပြီးချိန်မှာပါ လိမ်းနိုင်တဲ့ Cocoa Butter ကိုဘူးတွေနဲ့အထူးထုတ်လုပ်ရောင်းချပါတယ်။ သံလွင်ဆီလောက်အဆီမကြွယ်ပေမယ့် သံလွင်ဆီထက်အားသာတာကတော့ လှလှပပ နေနဲ့ မိန်းကလေးများအကြိုက် သံလွင်ဆီလို အနံ့ မနံခြင်းပါပဲ။ တစ်နေ့နှစ်ကြိမ်လောက်လိမ်းပေးသင့်ပါတယ်။

၈) ကြက်ဆူဆီ

ကြက်ဆူဆီကတော့ အသားအရည်အတွက်အလွန်ကောင်းပြီး အသက်ကြီးလို့ဖြစ်တဲ့အသားအရည်တွန့်တာတွေ၊ အမဲစက်တွေ၊ကိုတောင်ပျောက်ကင်းစေပြီး အကြေပြတ်တာအတွက်ကိုတော့ အကြောပြတ်တဲ့နေရာပေါ်ကို စက်ဝိုင်းပုံ ၁၅မိနစ်လောက်လိမ်းပေးခြင်း၊ အကြောပြတ်တဲ့နေရာပေါ်ကို ထူထူလေးလိမ်းပေးပြီး ရေနွေးကိုပုလင်းထဲထည့်လှိမ့်ပေးခြင်း၊ အပူပြားတစ်ခုခုကပ်ပေးခြင်းဖြင့်လည်း သက်သာပျောက်ကင်းအောင်ပြုလုပ်ပေးနိုင်ပါတယ်။

၉) ကြက်ဥအကာ

ကြက်ဥအကာကိုမွေပြီး အကြောပြတ်တဲ့နေရာပေါ်ကို စုတ်တံကို အသုံးပြုပြီးသုတ်လိမ်းထားပေးပါ။ ထို့နောက် ခြောက်သွားတဲ့အခါရေအေးဖြင့်ဆေးကြောပေးပြီး အစိုဓါတ်ရရှိနေစေရန်သံလွင်ဆီကို ပြန်လည်း လိမ်းထားပေးရပါမယ်။

၁၀) Alfalfa

Alfalfa ကတော့ ဘာသာပြန်ထားတဲ့အချက်တွေအရ လူဆန်ပဲပင်လို့ တစ်ချို့ကခေါ်တာတွေ့ရပြီး တစ်ချို့မှလည်း Alfalfaပဲပင်ပေါက်လို့ခေါ်ပါတယ်။ ဒီအပင်ကတော့ ဒီမှာလည်းရှားမည်ဟုယူဆလို့ မဖော်ပြပေးတော့ပါဘူး။


Credit>>>Happy Mom Pregnancy Pillow


No comments:

Post a Comment