ပြီးခဲ့တဲ့ သြဂုတ်လတုန်းက တောင်အာဖရိက၊ ကိပ်တောင်းမှာ နေထိုင်တဲ့ အသက် (၄၁) နှစ်အရွယ် ဆာရက်ဂ်ျ အေဘရာဟမ် ဆိုသူဟာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ သေနတ်ကျည်ဆန်ဟာ သူ့ရဲ့ နှလုံးတည့်တည့်ကို ချိန်ရွယ်ပစ်ခတ်တာ ဖြစ်ပြီး အပစ်ခံရတဲ့ အချိန်မှာ သူ သတိလစ်လဲကျသွားပါတယ်။
ပြန်သတိလည်လာတဲ့ အခါမှာတော့ သူ မသေသေးတာကို တွေ့ရပြီး အံ့သြတကြီးနဲ့ ကြည့်မိတဲ့ အခါမှာ ကျည်ဆန်ဟာ သူ့ရဲ့ Huawei P8 Lite စမတ်ဖုန်းမှာ စိုက်ဝင်နေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်က ဂွာတီမာလာနိုင်ငံမှာလည်း Huawei P7 စမတ်ဖုန်း သုံးစွဲသူ တစ်ယောက်က အလားတူ အဖြစ်အပျက်မျိုးနဲ့ အသက်ဘေးက လွတ်မြောက်လာခဲ့ပြီး Samsung ဖုန်းနဲ့ အိုင်ဖုန်းသုံးစွဲသူတွေကြားထဲမှာလည်း ဖုန်းကြောင့် အသက်ဘေးအန္တရာယ်က လွတ်မြောက်လာခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။
စမတ်ဖုန်းလောကမှာ အပြိုင်အဆိုင်တွေ များလာတာနဲ့ အမျှ ဖုန်းကုမ္ပဏီတွေဟာ ကြံ့ခိုင်မှုပိုင်း၊ စွမ်းဆောင်ရည်ပိုင်းမှာ ပြိုင်ဘက်တွေထက်သာအောင် အမြဲကြံစည်အားထုတ်နေရပါတယ်။ ဒီနေရာမှာ ကိန်းဂဏန်းအတိအကျ သိထားရတဲ့ Huawei ကုမ္ပဏီရဲ့ စံချိန်စံညွှန်းတွေကို ဖော်ပြရရင် Huawei ဟာ ဖုန်းတွေ ထုတ်လုပ်တဲ့ အခါမှာ နမူနာ ဖုန်းကို software ဝန်ပိစေတဲ့ စမ်းသပ်မှု အကြိမ်ရေ ၂,၀၀၀ထိ ထားပြီး စမ်းသပ်တယ်လို့ သိရပါတယ်။ အပူချိန်ကို အအေးတစ်လှည့် အပူတစ်လှည့်နဲ့ နာရီ ၄၈ နာရီအထိ ထားရှိစမ်းသပ်ပြီး တုန်ခါမှုတွေ ၊ ရေစိုခံမှုတွေအတွက်လည်း ထပ်ဖန်တလဲလဲ စမ်းသပ်မှုတွေ ပြုတယ်လို့ သိရပါတယ်။ နမူနာ ဖုန်းရဲ့ မျက်နှာပြင်ကို အကြိမ်ရေ ရှစ်သိန်းအထိ တို့ထိပြီး touch-screen စမ်းသပ်တာ၊ ဖိနှိပ်ရတဲ့ ခလုတ်တွေကို အကြိမ်ရေ နှစ်သိန်းအထိ ဖိနှိပ်စမ်းသပ်တာတွေအပါအဝင် တခြားစမ်းသပ်မှုတွေ လုပ်ပြီး အောင်မြင်မှသာ အဲဒီဖုန်းအမျိုးအစားကို ထုတ်လုပ်ရောင်းချတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံထုတ် ဖုန်းအမျိုးအစားဖြစ်တဲ့ Huawei ဟာ သူ့နိုင်ငံတွင်းမှာ ထိပ်တန်း brand တစ်ခု ဖြစ်နေသလို ကမ္ဘာ့နိုင်ငံပေါင်း (၁၇၀) ကျော်ကို ဖုန်းတွေ ဖြန့်ဖြူးရောင်းချနေရပြီး လုပ်ငန်းရဲ့ အမြတ်အစွန်း (၆၀) ရာခိုင်နှုန်းကျော်ကို နိုင်ငံတကာဈေးကွက်က ရရှိနေတယ်လို့ သိရပါတယ်။
#Credit
www.yoyarlay.com

No comments:
Post a Comment