Wednesday, March 4, 2015

ကမ္ဘာ့ဈေးအကြီးဆုံးလေကြောင်းခရီးစဉ် တစ်ခု



ကမ္ဘာ့ဈေးအကြီးဆုံး လေကြောင်း ခရီးစဉ်ထဲမှာ ယနေ့ နံပါတ် သုံး ဝင်နေတဲ့ ခရီးစဉ်ကနေ နယူးယောက်ကနေ စင်္ကာပူကို ပြန်သန်းတဲ့ Virgin Atlantic ရဲ့ ခရီးစဉ် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၁,၀၀၀ ကုန်ကျ ပါတယ်။ မြန်မာကျပ်ငွေ နဲ့ ဆိုရင် သိန်း ၂၀၀ ကျော်မှာ ဖြစ်ပါတယ်။ ကားကောင်းတစ်စီး ဝယ်လို့ရတဲ့ တန်ဖိုးနဲ့ သူ့ခရီးစရိတ်နဲ့က တူနေပါတယ်။

ငွေအဲ့လောက်ယူထားပြီး ပြန်ပေးတာကတော့ ပုံမှာ မြင်တွေ့ရသလို ပါပဲ။ တစ်ယောက်အိပ် ကုတင်ပုံစံနဲ့ နေရာပေးထားပြီး တီဗီပါရှိ ပါမယ်။ ထူးခြားချက် အနေနဲ့ အုပ်စုလိုက် အတူလိုက်ပါစီးတဲ့ လုပ်ငန်းရှင်များ အနေနဲ့ အစည်းအဝေးများ လုပ်နိုင်အောင် ဘေးနံရံများကို ရွှေ့လို့ အခန်းပုံစံ ဖြစ်အောင်လည်း လုပ်ယူလို့ ရကြောင်း ဆိုပါတယ်။ 

သူက စီးပွားရေး လုပ်ငန်းရှင်သူဌေးများကို ရည်ရွယ်လို့ ရောင်းချတဲ့ လေယာဉ် ခရီးစဉ် ဖြစ်ပြီး အထဲမှာ ကြယ်ငါးပွင့် ဟိုတယ် တစ်ခုပမာ အစားအသောက်နဲ့ အခြားသော ဝန်ဆောင်မှု ကောင်းများလည်း ပါဝင်ပါသေးတယ်။
Credit >>> PoeThuTaw
 

No comments:

Post a Comment