- သွားရမယ့် ခရီး ကျသင့်တဲ့ ငွေထက် ပိုမတောင်းသင့်ဘူး။
- Passenger ကို ဘယ်လောက်ပေးချင်လဲလို့ မမေးသင့်ဘူး။
ကားသမားက .. ဒီခရီးကို ငွေကျပ်ဘယ်လောက် ကျမယ်ဆိုတာ အတိအကျ ပြောပြီး Passenger ပေးနိုင်တဲ့ ငွေကြေးနဲ့ အဌားလိုက်နိုင်တယ် မလိုက်နိုင်ဘူး .. Passenger ကို ပြောရမယ်။
- ကားပေါ် Passenger တက်လာတာနဲ့ ကိုယ်နားထောင်နေတဲ့ ရေဒီိယိုသံ ၊ သီချင်းသံ ကျယ်နေရင် တိုးပေးရမယ်။ ခရီးသည်က ပိတ်ခိုင်းရင် ချက်ချင်း ပိတ်ပေးရမယ်။
- Passenger က ကားစီးနေရင်း ဖုန်းလာလို့ ဖုန်းပြောနေရင် ... ဖွင့်ထားတဲ့ သီချင်းသံကို ကားသမားက အလိုက်တသိနဲ့ Volume ကို တိုးပေးရမယ်။
- Passenger ရှိနေရင် ကားမောင်းနေရင်း ဆေးလိပ်မသောက်သင့်ဘူး။ ကွမ်းတဗြစ်ဗြစ်ဝါးပြီး ပလတ်စတစ်အိတ်(သို့)ရေသန့်ဗူးထဲကို မထွေးထည့်သင့်ဘူး။
- ကားသမား ကားမောင်းနေရတာပဲ ဆိုပြီး ရေမချိုး တစ်ကိုယ်ရည် သန့်ရှင်းရေး မရှိ ၊ ချွေးနံ့တထောင်းထောင်းနဲ့ ချိုင်းလပတ်စော်နံနေတာမျိုးလည်း မဖြစ်သင့်ဘူး။
(ကားပေါ်ပိုက်ဆံပေးပြီး တက်စီးရတဲ့ ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်စေတယ်)
- Passenger မျက်နှာရိပ် မျက်နှာကဲ အခြေအနေကို လေ့လာအကဲခတ်ပြီးမှ စကားစမြည် ပြောဖို့ လို .. မလို သိသင့်တယ်။
(တစ်ချို့ ခရီးသည်တွေက ကားပေါ်ရောက်မှ စိတ်သက်သာရာ အနားယူချင်တာမျိုးဆို .. ကားသမားက အလိုက်မသိ စကားတွေ ဖောင်ဖွဲ့ပြောနေလို့ အားနာပြီး ပြန်ပြောရတာမျိုးတွေ ရှိတတ်တယ်။)
- Passenger ကို ဝေဖန်တာမျိုး အပြစ်တင်တာမျိုး ကဲ့ရဲ့ ရှုံ့ချတဲ့ အပြုအမူ အပြောအဆိုမျိုး မလုပ်ရဘူး ... ခရီးသည်တွေ ပေးတဲ့ ပိုက်ဆံနဲ့ အသက်မွေး ဝမ်းကျောင်း ပြုနေရတဲ့အတွက်...တတ်နိုင်ရင် သည်းခံရမယ်။
(Customer is always Right ဆိုတဲ့ မူကို ကျင့်သုံးသင့်တယ်)
- စည်းမရှိ ကမ်းမရှိ သူများမောင်းနေတဲ့ ကားယာဉ်ကြောလိုင်းကို ကျော်တက် ခွတက် ဖြတ်တက်ပြီး လုမောင်းတာမျိုးကိုလည်း အထူးရှောင်ကြဉ်သင့်တယ်။
Credit>>>သမီးဆိုး

No comments:
Post a Comment