Wednesday, February 4, 2015

VGastro Bar အမှု ၇ကြိမ်မြောက်ရုံးချိန်း သက်သေတွေ စစ်ဆေးဆဲ


ဗုဒ္ဓရုပ်ပွားတော်ပုံကို မဖွယ်မရာပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ VGastro Bar ပိုင်ရှင်နဲ့ မန်နေဂျာနှစ်ယောက်ကို ၇ကြိမ်မြောက် ရုံးထုတ်စစ်ဆေးတဲ့ ဖေဖော်ဝါရီ ၄ရက်နေ့မှာတော့ နှစ်ဖက်စလုံးက သက်သေတွေကို ဗဟန်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။ ရလဒ်က ဘာလဲ။
ဗုဒ္ဓရုပ်ပွားတော်ပုံကို အရောင်းမြှင့်တင်ရေးအတွက် နားကျပ်တပ်ပြီး ပိုစတာဖန်တီးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပိုင်ရှင် ကိုထွန်းသူရိန်နဲ့ မန်နေဂျာ ကိုထွဋ်ကိုကိုလွင်တို့ရဲ့ သက်သေ ၂ယောက်ကို ပုဒ်မ ၂၉၅အတွက် စစ်ဆေးခဲ့သလို ဗဟန်းစခန်းမှူး ဒုရဲအုပ်သိန်းဝင်းကိုလည်း ပ်ုဒမ ၁၈၈အတွက် သက်သေအဖြစ် စစ်ဆေးခဲ့တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးမြသွေးက ပြောပါတယ်။
VGastro Bar အမှုကို လာမယ့် မတ်လ ဒုတိယပတ်လောက်ထိ ဆက်ပြီးကြာမြင့်နေဦးမှာဖြစ်ပြီး ပုဒ်မ ၂၉၅နဲ့ပတ်သက်လို့ သက်သေတွေ စစ်ဆေးလို့ပြီးသွားပေမယ့် ပုဒ်မ ၁၈၈နဲ့ပတ်သက်တဲ့ သက်သေတွေ စစ်ဆေးဖို့ကျန်နေတာကြောင့် နှစ်မှုစလုံးအတွက် အပြီးသတ်လျှောက်လဲချက်ပေးပြီးရင်တော့ တရားသူကြီးက အမိန့်ချမယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၇ရုံးချိန်းဖြစ်တဲ့ ၈ကြိမ်မြောက်မှာတော့ ပုဒ်မ ၁၈၈နဲ့ပတ်သက်ပြီး စွပ်စွဲခံရသူ ၃ယောက်စလုံးရဲ့ သက်သေတွေကို စစ်ဆေးမှာဖြစ်ပါတယ်။ ၂ဝ၁၄ ဒီဇင်ဘာ ၁ဝရက်နေ့က VGastro Bar က ၃ယောက်ကို စတင်ဖမ်းဆီးခဲ့ပြီး အားမခံမပေးဘဲ တရားခွင်ကိုရင်ဆိုင်နေရတာပါ။
မန်နေဂျာ ကိုထွဋ်ကိုကိုလွင်ရဲ့မိခင်က အားနည်းနေတဲ့ မြန်မာပြည်တရားဥပဒေစိုးမိုးရေးအတွက် တရားသူကြီး၊ ရှေ့နေနဲ့ ပြည်သူ့ရဲတွေပူးပေါင်းပြီး အားကောင်းမောင်းသန်ဖြစ်အောင် ဝိုင်းလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။


Credit>>>Kamayut Media

No comments:

Post a Comment