Wednesday, February 4, 2015

BB Cream ဆိုတာ . . .



BB cream ကို အရှည်အားဖြင့် Blemish Balm လို့ခေါ်ကြပါတယ်။ သူ့ကို စတင်တီထွင်ခဲ့တာကတော့ ဂျာမနီနိုင်ငံက အရေပြားဆရာဝန် ဒေါက်တာ Christine Schrammek ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်မှာ စတင်တီထွင်ခဲ့တာပါ။ အဓိက ရည်ရွယ်ချက်ကတော့ သူမရဲ့ လူနာတွေထဲက မျက်နှာ အရေပြား Peel လုပ်ထားသူများအတွက် ယောင်ရမ်းမှု၊ နီမြန်းမှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက် အသာအရည် ထိန်းသိမ်းရေး အစွမ်းပါသော မိတ်ကပ်သဘောမျိုးနဲ့ ထုတ်လုပ်ခဲ့တာပါ။

ပုံမှန်အားဖြင့် BB cream တွေမှာ အစွမ်း ၃ မျိုးပါဝင်ရပါတယ်။
 

၁။ အသားအရည်ထိန်းသိမ်းရေး အစွမ်း
အများအားဖြင့် အသားအရည်ဖြူဝင်းစေမှုနှင့် အရေးအကြောင့် လျော့ပါးစေတဲ့ အစွမ်းတွေ ပါဝင်ပါတယ်။
 

၂။ အရေပြားရဲ့အပြစ်အနာအဆာများကို ဖုံးကွယ်နိုင်စွမ်း
မျက်နှာပေါ်မှာရှိနေတဲ့ အမဲစက်များ၊ ၀က်ခြံများ၊ အသားအရောင်မညီညာမှုများ စသဖြင့် အရေပြားရဲ့အပြစ်အနာအဆာများကို မိတ်ကပ်၊ ကွန်ဆီလာများကဲ့သို့ ဖုံးကွယ်ပေးနိုင်သော အစွမ်းပါဝင်ပါတယ်။
 

၃။ နေရောင်ခြည်ဒဏ်မှ ကာကွယ်မှု အစွမ်း
ခရမ်းလွန်ရောင်ခြည် A နှင့် B တို့ရဲ့ ဆိုးကျိုးများမှ ကာကွယ်ပေးနိုင်သော SPF PA + အစွမ်းများ ပါဝင်ရပါတယ်။


အခြားအခြားသော ပိုမိုသော အစွမ်းများကိုလည်း ထုတ်ကုန်ပေါ်မှုတည်ပြီး တွေ့ရှိရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အထက်မှာ ဖော်ပြပေးထားတဲ့ အခြေခံ အစွမ်း ၃ မျိုးတော့ အနည်းဆုံး ပါဝင်ရမှာဖြစ်ပါတယ်။
BB Cream ကို သူ့ချည်းပဲ လိမ်းလို့ရသလို အောက်ခံမိတ်ကပ်အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။
ကိုးရီးယားမင်းသမီးများရဲ့လျှို့ဝှက် လက်နက်လို့လည်း ခေါ်ဆိုကြပါတယ်။
BB Cream ကို အမျိုးသားများလည်း အသုံးများကြပါတယ်။ အကြောင်းကတော့ အလုပ်မရှုပ်ခြင်း၊ အခြားသော မိတ်ကပ်များနှင့်မတူ သဘာဝကျသော ဖုံးကွယ်မှု ပေးခြင်းတို့ကြောင့်ဖြစ်ပါတယ်။



Credit>>>12 Plus Myanmar

No comments:

Post a Comment