Wednesday, February 11, 2015

စိတ်လှုပ်ရှားဖွယ် Valentine လေး ဖြစ်စေဖို့

 
 

  ၁။ မိဿဿ      ရာသီဖွား (Aries )မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ


မိဿရာသီဖွားတွေဟာ အမြဲဦးစားပေး ခံချင်ကြပြီး အံ့သြမှုတွေကို နှစ်သက်တတ်တာမို့ သူတို့ကို စိတ်လှုပ်ရှားပျော်ရွှင်စေဖို့တစ်ခါမှမလုပ်ဖူးတဲ့ အရာလေးတွေနဲ့ ဆွဲဆောင်ဖို့လိုပါတယ်။ အမှတ်တရ လက်ဆောင်အနေနဲ့ သူအနှစ်သက်ဆုံး အစားအသောက်လေးတွေ၊ နှင်းဆီပွင့်လေးတွေ၊ ဒါမှမဟုတ် သူ့အကြောင်းစာစီထားတဲ့ ကဗျာလေးတစ်ပုဒ်လောက်ဖြစ်ဖြစ် ပေးလိုက်ပါ။ စိတ်ကူးယဉ်ဆန်တဲ့ နေရာမျိုးလေးတွေ၊ သီချင်းအတူဆို ကခုန်ကြတာမျိုးလေးတွေ ကလည်း သူတို့ကို စိတ်လှုပ်ရှားပျော်ရွှင် စေမှာပါ။






၂။ ပြိဿသ ရာသီဖွား (Taurus )ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

ပြိဿရာသီဖွားတွေဟာ သူတို့ကို အလိုလိုက် အလျှော့ပေးတာကို အလွန် သဘောကျပါတယ်။ ဒါကြောင့် အဲဒီနေ့မှာ သူတို့သဘောကျ ပါရမီဖြည့်ပေးဖို့ သိပ်ကို အရေးကြီးပါတယ်။ အမှတ်တရ အနေနဲ့ ဘူးကြီးကြီးနဲ့ ထည့်ထားတဲ့ အသည်းပုံ ချောကလက်လေးတွေ လက်ဆောင်ပေးလိုက်ပါ။ သူတို့ဟာ စိတ်ကူးယဉ်သိပ်ဆန်တတ်တာမို့ ချောကလက်ပေးတဲ့အခါ ခံစားမှုအပြည့်နဲ့မျက်လုံးချင်းဆုံပြီး ကြင်နာတဲ့စကားလေးတွေ ပြောပေးဖို့လည်း မမေ့ပါနဲ့။ အဆင်ပြေမယ်ဆိုရင်တော့ အနမ်းတစ်ပွင့်လောက် လက်ဆောင်ပေးလိုက်တာ အကောင်းဆုံးပါ။



၃။ မေထုန်ရာသီဖွား (Gemini)မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်းမွေးဖွားသူများ


  မေထုန်ရာသီဖွားတွေဟာ ချစ်သူနဲ့စကားတွေ ဖောင်ဖွဲ့နေရတာကို နှစ်သက်ကြသူတွေမို့အဲဒီနေ့မှာ ကြင်နာနွေးထွေးတဲ့ စကားသံတွေက သူတို့ကို ပျော်ရွှင်စေမှာပါ။ သူအကြိုက်ဆုံး ကဗျာလေးတွေရွတ်ပြတာ၊ သူအနှစ်သက်ဆုံး သီချင်းလေးတွေ ညည်းပြတာလေးတွေကလည်း သူ့ကို အမှတ်တရ ဖြစ်စေမှာပါ။ ပိုပြီးအမှတ်တရ ဖြစ်ချင်တယ်ဆိုရင်တော့ သင်တို့နှစ်ယောက် အကြောင်းလေးတွေကိုစာနဲ့ပုံဖော် ၊ ဓါတ်ပုံလေးတွေနဲ့ အလှဆင်၊ စာအုပ်လေးတစ်အုပ်လုပ်ပြီး အမှတ်တရ လက်ဆောင်ပေးလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer) ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ 

ကရကဋ် ရာသီဖွားတွေအတွက် Valentine Day ဟာ ဖန်တီးဆန်းသစ်နေဖို့ မလိုပါဘူး။ သမရိုးကျ လက်ဆောင်လေးတွေက သူတို့အတွက် လုံလောက်ပါတယ်။ လက်ဆောင်ဆိုတာထက် သူ့အပေါ်ထားတဲ့ လေးနက်တဲ့ ခံစားမှုက ပိုအရေးပါတယ်။ ပန်းစည်းလေး လက်ဆောင်ပေးပြီး ပန်းခြံထဲမှာ သူနဲ့ကိုယ်ကြားက အမှတ်တရလေးတွေ ပြန်ပြောနေတာကလဲ ကြည်နူးဖို့ကောင်းတဲ့ အချိန်လေးတွေ ဖန်တီးနိုင်မှာပါ။




၅။ သိဟ်ရာသီဖွား (Leo) ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂)ရက်အတွင်း မွေးဖွားသူများ 

သိဟ်ရာသီဖွားတွေအတွက် အမှတ်တရ Valentine လေး ဖန်တီးမယ်ဆိုရင်တော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းနေဖို့ လိုပါတယ်။ ဆုံမယ့်နေရာ ရွေးတာကအစစိတ်ဝင်စားဖွယ် အပြည့်နဲ့ဖြစ်နေဖို့ လိုပါတယ်။သူနဲ့အတူ စိတ်လှုပ်ရှားဖွယ် ကောင်းကင် ဘောလုံး စီးတာမျိုး ၊ ဝတ်စုံလေးတွေဆင်တူဝတ်ပြီးဓါတ်ပုံအတူရိုက်ကြတာမျိုးလေးတွေကသူတို့ကိုစိတ်လှုပ်ရှား ပျော်ရွှင်စေမှာပါ။





၆။ ကံရာသီဖွား (Virgo )သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ 

ကံရာသီ ဖွားတွေဟာအရမ်းစိတ်ကူးယဉ်ဆန်တဲ့ သူတွေဖြစ်ကြပါတယ်။ ပြီးတော့ Valentine
 ကိုလဲ သိပ်ကို အလေးအနက် ထားလွန်းကြတဲ့အတွက် သူတို့ကို ခံစားမှုပေါ်လွင်စေတဲ့ လက်ဆောင်မျိုးပေးခြင်းက အသင့်တော်ဆုံးပါ။ ပိုပြီးအမှတ်တရဖြစ်စေဖို့ သင်သူ့ကို ဘယ်လောက်ထိ အလေးအနက်ထားကြောင်း ဂရုတစိုက်ရှိကြောင်းကို လူသိရှင်ကြား ဖွင့်ဟ ပြောလိုက်ပါ။



၇။ တူရာသီဖွား (Libra)စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ



တူရာသီဖွားတွေဟာ အလှအပ အလွန်ခံစား တတ်ကြသူတွေပါ။ ရုပ်ဝတ္ထုပစ္စည်းတွေ တင်မဟုတ်ပါဘူး။ သာယာတဲ့စကားလေးတွေ၊ ကြည်နူးစရာကောင်းတဲ့ စိတ်ကူးလေးတွေကိုလည်း နှစ်သက်ကြပါတယ်။ ဒါကြောင့် လက်ဆောင်ပေးတဲ့အခါ သင်တို့နှစ်ယောက်လုံး အတွက် အမှတ်တရဖြစ်စေတဲ့ အကြောင်းအရာတွေ ထင်ဟပ်နေမယ့် လက်ဆောင်မျိုး ဖြစ်နေဖို့လိုပါတယ်။
 

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်



အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားတဲ့ ဗြိစ္ဆာရာသီဖွားတွေဟာလျို့ဝှက်နက်နဲမှုတွေကို စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် သူတို့ကို အမှတ်တရ Valentine လေးဖန်တီးပေးဖို့ Valentine မတိုင်ခင်ကတည်းက လျို့ဝှက်တဲ့ card လေးတွေ ပို့ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ အဲဒီ တစ် card ချင်းစီမှာ Valentine နေ့အတွက် သဲလွန်စလေးတွေ ထည့်ပေးပြီး အဖြေရှာခိုင်းတာမျိုးက သူ့ကို စိတ်လှုပ်ရှားစရာ တစ်ခု ဖြစ်နေမှာ မလွဲပါပဲ။ ဥပမာ- သင်တို့ နှစ်ယောက်ဆုံမယ့် နေရာ ။ နှစ်ယောက်အတူ ကြည့်မယ့် ဇတ်လမ်းနာမည် မျိုးပေါ့။

 ၉။ ဓနုရာသီဖွား (Sagittarius )နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ 

ဓနုရာသီဖွားတွေဟာခရီးသွားရတာ ၊ စွန့်စားရတာတွေ နှစ်သက်တာကြောင့် သူ့အတွက် စိတ်လှုပ်ရှားဖွယ် အပြည့်နဲ့ ခရီးလေးတစ်ခု စီစဉ်ပေးခြင်းက အသင့်တော်ဆုံးဖြစ်ပါတယ်။ အဲဒီခရီးဟာ သူတို့အတွက် အလွန်ထူးခြားနေရပါမယ်။ လက်ဆောင်တစ်ခုခု ပေးချင်တယ်ဆိုရင်တော့ ဆွဲဆောင်မှုရှိပြီး သမရိုးကျမဆန်တဲ့ လက်ဆောင်မျိုး ဖြစ်နေဖို့ အရေးကြီးပါတယ်။


၁၀။ မကာရ ရာသီဖွား (Capricorn)ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ 

မကာရ ရာသီဖွား တွေဟာ အတိတ်ကိုပြန်လည်ခံစားရတာ အလွန် နှစ်သက်ကြပါတယ်။ ဒါကြောင့် Valentine နေ့မှာ သင်တို့စတွေ့စက အချိန်လေးတွေကို ပြန်အသက်သွင်းဖို့ အကောင်းဆုံးပါ။ စတွေ့တဲ့ နေ့က အဝတ်စားလေးတွေဝတ်ပြီး စဆုံခဲ့တဲ့နေရာလေးဆီ ခေါ်ဆောင်သွားလိုက်ပါ။ သွားနေတဲ့ လမ်းတစ်လျှောက်လုံးမှာတော့ အမှတ်တရ အချစ်သီချင်းလေးတွေ ဖွင့်ရင်း အတိတ်ကို ပြန်လည် ပုံဖော်လိုက်ပါ။ အစားထိုးမရတဲ့ အမှတ်တရဖြစ်နေမှာ မလွဲပါဘူး။

၁၁။ ကုံရာသီဖွား (Aquarius )ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ 

ကုံရာသီဖွားတွေကတော့ သူတို့ကိုအလေးအနက်ထားတာကို အလွန် သဘောကျ ကိုယ်တိုင်ကလဲ ခေသူတွေမဟုတ်တာကြောင့် ကုံရာသီဖွားတွေအတွက် အမှတ်တရလေးတွေ ဖန်တီးမယ်ဆိုရင်တော့ ပညာသားပါပါနဲ့ သမရိုးကျ မဆန်ဖို့ အရေးကြီးပါတယ်။ဥပမာ-သိပ်မလွယ်လှပေမယ့် ရုပ်ရှင်ရုံတစ်ခုလုံးကိုသူတစ်ယောက်ထဲ ကြည့်ဖို့ စီစဉ်ထားတာမျိုးပေါ့။

၁၂။ မိန်ရာသီဖွား (Pisces )ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်းမွေးဖွားသူများ

မိန်ရာသီဖွားတွေဟာ ပျော်ပျော်နေတတ်သလောက် စိတ်ကူးယဉ်ဆန်ပြီး ခံစားမှုကို သိပ်အလေးပေး တတ်ကြပါတယ်။ ဒါကြောင့် Valentine နေ့မှာ သူတို့ကို အလေးအနက်ထားကြောင်း ပေါ်လွင်စေဖို့ အရေးကြီးပါတယ်။ သူတို့နှစ်သက်တဲ့ စာရေးဆရာ ရဲ့ ရှားပါးကဗျာလေးတွေ စုပေးတာမျိုး ပြုလုပ်ပေးပါ။ို့ ကမ်းခြေလိုနေရာမျိုးမှာအပန်းဖြေသွားတာမျိုး ဖန်တီးပေးနိုင်မယ်ဆိုရင်တော့မမေ့နိုင်စရာ Valentine လေးဖြစ်နေမှာပါ။


Valentine ဆိုတာ ချစ်သူတွေအတွက်တော့ တစ်နှစ်မှာတစ်ခါသာ ကြုံခွင့်ရတဲ့ ကြည်နူးဖွယ် နေ့လေးတစ်နေ့ပါ။  
ကိုယ်ချစ်ရတဲ့ သူကို အမှတ်တရ အဖြစ်အပျက်လေးတွေ ဖန်တီးပေးရတာလဲ ကြည်နူးစရာ ကောင်းလှပါတယ်။
 ဒါပေမဲ့ ချစ်သူကို စိတ်လှုပ်ရှားပျော်ရွှင်စေဖို့ စဉ်းစားရတာ မလွယ်ပါဘူး။အောက်ဘက်မှာတော့ရာသီဖွားတွေအလိုက်သူတို့
 နှစ်သက်သဘောကျတတ်တဲ့အရာလေးတွေ  ဖော်ပြထားတာမို့ သင့်ချစ်သူအတွက် အသက်ဝင် လှပတဲ့ Valentine လေး
 ဖန်တီးနိုင်မှာ မလွဲပါပဲ။





No comments:

Post a Comment