Wednesday, February 11, 2015

မြန်မာ့ဖက်ရှင်လောက ဘာ့ကြောင့် ရုန်းကန်ရဦးမလဲ (TV Report)



သုံးရက်ကြာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးသော နိုင်ငံတကာဖက်ရှင်သီတင်းပတ် ၂ဝ၁၅ကို ဖေဖော်ဝါရီ ၈ရက်နေ့ညမှာပဲ အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့ပါတယ်။ အပြောင်းအလဲတွေနဲ့အတူ မြန်မာ့ဖက်ရှင်လောက ရုန်းကန်ရဦးမယ်လို့ ဘယ်သူပြောတာလဲ။ ဘာ့ကြောင့် ပြောတာလဲ။
ပြည်တွင်းက ရိုးရာချိတ်၊ ပိတ်စတွေနဲ့ နိုင်ငံကို မြန်မာ့ဖက်ရှင်ဆိုတာ ထိုးဖောက်ချင်ကြပေမယ့် နည်းပညာလိုအပ်ချက်ကြောင့် ပြည်တွင်းပိတ်တွေ ရေလျှော်မခံတာ၊ ပိတ်စအများစု ပြည်ပကနေ မှာယူနေရတဲ့အခြေအနေမှာပဲ ရှိသေးတယ်လို့ ဖက်ရှင်သီတင်းပတ်စီစဉ်သူ ဂျွန်လွင်က ထောက်ပြပါတယ်။ ပြည်တွင်း ပိတ်စတွေ အရည်အသွေးမီဖို့ နည်းပညာရှိလာမှပဲ ဖက်ရှင်လောက တိုးတက်နိုင်မယ်လို့ ဆိုပါတယ်။
နယ်ပယ်အသီးသီးမှာ ပရော်ဖက်ရှင်နယ်ဖြစ်မှုဆိုတဲ့အပိုင်း လိုအပ်ချက်တွေရှိနေဆဲမို့ ပြည်ပထိုးဖောက်ဖို့ထက် ပြည်ပကနေ ကိုယ့်ပြည်တွင်းကို လာပြီးထိုးဖောက်တာကို တစ်လောကလုံး ထိုင်စောင့်နေတဲ့ အနေအထားပါလို့ ဆိုပါတယ်။
တတိယအကြိမ် ကျင်းပတဲ့ Myanmar International Fashion Week 2015မှာတော့ ပြည်တွင်းက ဒီဇိုင်နာတွေအပြင် ထိုင်းနိုင်ငံ ဒီဇိုင်နာတွေနဲ့အတူ နာမည်ကျော် အဝတ်အထည်ကုမ္ပဏီတွေဖြစ်တဲ့ Bossini, Ioraအမှတ်တံဆိပ်တွေ ပါဝင်ခဲ့ပါတယ်။ ဥရောပ၊ ထိုင်း စတဲ့နိုင်ငံတကာ မော်ဒယ်နဲ့ ပြည်တွင်းက မော်ဒယ် ၁၂ဝကျော် ပါဝင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၆ရက်ကနေ ၈ရက်နေ့အထိ Dagon City 1 မှာ ၃ရက်ကြာ ကျင်းပခဲ့ပြီး ပရိသတ်စိတ်ဝင်စားမှုလည်း အမြင့်ဆုံးရခဲ့ပါတယ်။
မြန်မာ့ဖက်ရှင်လောက ၂နှစ်အတွင်း သိသိသာသာ တိုးတက်လာပေမယ့် ဒေသတွင်းနိုင်ငံတွေကို မီဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိတယ်လို့ ပြောလာသူက ဒီဇိုင်နာ မင်းခန့်ပါ။ ဖက်ရှင်လောကတိုးတက်ဖို့ ပြည်သူတွေလည်း ဖန်တီးမှုနောက် စီးမြောဖို့လိုသလို နိုင်ငံရေး၊ စီးပွားရေး ရာသီဥတုတွေပေါ်လည်း မူတည်ပါတယ်လို့ သူက ပြောပါတယ်။


Credit>>>Kamayut Media

No comments:

Post a Comment