Wednesday, February 11, 2015

နှစ်သစ်ကူးပွဲတော်မှာ မပါမဖြစ် စားသုံးရတဲ့ ဟင်းလျာက ဘာလဲ (TV Report)


တရုတ်နှစ်သစ်ကူးပွဲတော်မှာတော့ တစ်နှစ်တာပတ်လုံး ကြွယ်ဝချမ်းသာခြင်းတွေ၊ အောင်မြင်ခြင်းတွေရဖို့ တူကိုမြင့်မြင့်မြှောက်၊ ဆုတောင်းတွေ ကျယ်ကျယ်အော်ပြီး စားသုံးရတဲ့ မပါမဖြစ် အစားအစာတစ်ခုရှိပါတယ်။ တူကိုမြင့်မြင့်မြှောက်နိုင်လေ ကြွယ်ဝချမ်းသာခြင်း ပိုရရှိလေလို့ ယုံကြည်ကြတဲ့ အစားအစာက ဘာလဲ။

ခပ်ချိုချို အရသာရှိပြီး ငါးအသားလွှာပါတဲ့ ဒီရောင်စုံအသုပ်ကို Yee Sang (ယီစန်းဒါမှမဟုတ် Yu-Sheng (ယွီရှန်း)လို့လည်း ခေါ်ပါတယ်။ ချမ်းသာကြွယ်ဝပေါများခြင်း၊ ပြည့်လျှံခြင်းအဓိပ္ပာယ်ကို ဆောင်တဲ့ ငါး၊ ကံကောင်းချမ်းသာခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်တဲ့ ကျွဲကောသီး၊ ငွေကြေးနဲ့တန်ဖိုးရှိပစ္စည်းဝင်စေလိုတဲ့ အဓိပ္ပာယ် ငရုတ်ကောင်း၊ အမြတ်ငွေ အဆတစ်ထောင်တိုးပွားစေဖို့ ဆီ၊ နုပျိုလန်းဆန်းအောင်မြင်စေတဲ့ အဓိပ္ပာယ်နဲ့ မုန်လာဥနီ၊ မုန်လာဥစိမ်း၊ မုန်လာဥဖြူ၊ ရွှေငွေအတွက် မြေပဲ၊ နှမ်း၊ မုန့်ကြွပ်၊ ဆီးသီးအနှစ် စတဲ့ ပါဝင်ပစ္စည်းတွေက အဓိပ္ပာယ်အမျိုးမျိုး ဆောင်နေပါတယ်။

ငါးအစိမ်းလွှာသုပ်ဟာ Gong Xi Fa Cai ကုန်းစီဖာချိုင် -ချမ်းသာကြွယ်ဝပါစေဆိုတဲ့ နှစ်ကူးဆုတောင်းရဲ့ အဓိပ္ပာယ်ဖြစ်ပြီး မလေးရှားနဲ့ စင်္ကာပူကနေ စတင်အခြေခံလာတာပါလို့ Park Royal ဟိုတယ်မှာဖွင့်ထားတဲ့Si Chuan Dou Hua စီချွမ်သိုဝှားတရုတ်စားသောက်ဆိုင်က စားဖိုမှူး ချမ်းဝေက ပြောပြပါတယ်။

Yee Sang (ယီစန်းကိုလုပ်ဖို့ သင်္ဘောသီး၊ ကျောက်ဖရုံသီး၊ ဘူးသီး၊ မုန်လာဥ အနီအဖြူ စတာတွေကို အရောင်၊ အရသာနဲ့ တစ်ရက်အချိန်ပေး စီမံထားရပါမယ်။ အသုပ်ထဲမှာ အာလူးနဲ့လုပ်တဲ့ ရောင်စုံအချောင်းလေးတွေ၊ ဆယ်လမွန်ငါးအသားလွှာ၊ နံနံပင်၊ ကျွဲကောသီး၊ ချင်း၊ ရေညှိ၊ ရှောက်ရွက်၊ တရုတ်မုန့်ကြွပ်၊ ငရုပ်ကောင်း၊ တရုတ်မဆလာ၊ ဆီ၊ ဆီးသီးဆော့စ်တို့ကို ထည့်ပြီးရင်တော့ ရပါပြီ။

ငါးအစိမ်းလွှာသုပ်ဟာ တရုတ်နှစ်သစ်ကူးတိုင်း မပါမဖြစ်အစားအစာဖြစ်သလို မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းကြားမှာလည်း စုပေါင်းစားသောက်ကြပါတယ်။ ပါဝင်ပစ္စည်းတွေ အသင့်လုပ်ထားပြီးသားရှိသလို ကိုယ်တိုင်လုပ်ကြတာလည်းရှိပါတယ်။ ချမ်းသာဆင်းရဲအလိုက် အိမ်ထောင်စုချင်းမှာတော့ ပါဝင်ပစ္စည်းတွေ ကွာခြားပါတယ်။

ဆိတ်နှစ် (သိုးနှစ်)ကိုကြိုဆိုတဲ့အနေနဲ့ Park Royal ဟိုတယ်မှာ ဖေဖော်ဝါရီ ၅ရက်ကနေ လကုန်အထိ ယီစန်းနဲ့အတူ တရုတ်ဟင်းလျာမျိုးစုံကိုလည်း အထူးအစီအစဉ်နဲ့ရောင်းချနေပြီး နှစ်သစ်ကူးတဲ့နေ့မှာတော့ ခြင်္သေ့အကတွေနဲ့ တင်ဆက်သွားဖို့ရှိပါတယ်။


Credit>>>Kamayut Media

No comments:

Post a Comment