Mobile Application လေးရဲ့ နာမည်က HOHO
ဖြစ်ပြီး ဒီ Application လေးရဲ့ မိတ်ဆက်ပွဲလေးကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်
ကျင်းပခဲ့ပြီး HOHO နဲ့ပတ်သက်၍ Myantel Co.,Ltd မှ CEO ဖြစ်သူ ဦးဓန မှ
ရှင်းလင်းဖြေကြားသွားပါတယ်။
၀၁. Free Mobile Application ဖြစ်ခြင်း။
၀၂. Register လုပ်ရန်လွယ်ကူခြင်း။
၀၃. ခရီးသည်၏ အချိန်၊နေရာမရွေးပဲ ရောက်ရနေရာမှ အနီးဆုံးနေရာတွင်ရှိသော အငှားယာဉ်နှင့် ချိတ်ဆက်ခေါ်ယူနိုင်ခြင်း။
၀၄. လိုအပ်ပါက အငှားယာဉ် နှင့် ခရီးသည်အကြားတွင် Application မှတဆင့် ဖုန်းခေါ်ဆို၍ ဈေးညှိုနိုင်ခြင်း။
၀၅. အထူးသဖြင့် မိန်းကလေးများအတွက်လည်း စိတ်ချလက်ချ အငှားယာဉ် ဝန်ဆောင်မှုကို အသုံးပြုနိုင်အောင် စီစဉ်ထားခြင်း။
၀၆. အငှားယာဉ် အပေါ်တွင် ပစ္စည်းမေ့ကျန်ခဲ့သည်ဖြစ်စေ၊ သက်ဆိုင်ရာ အငှားယာဉ်သို့ ချက်ချင်းဆက်သွယ်ပေးခြင်း။
၀၇. ခရီးသည်များအတွက် အခမဲ့ဖြစ်ပင်မဲ့လည်း အငှားယာဉ်များအတွက် ခရီးစဉ်တစ်ခုပြီးဆုံးတိုင်း မြန်မာငွေ ၁၀၀ကျပ် ဝန်ဆောင်မှုနှုန်းထားကောက်ခံခြင်း။
အသေးစိတ်အချက်အလက်များနဲ့ ပတ်သက်ပြီးတော့ အောက်တွင်ဖော်ပြထားသော ကုမ္ပဏီ Home Page၊ Facebook တွင်ဝင်ရောက်လေ့လာနိုင်တယ်လို့သိရှိရပါတယ်။
Facebook : https://www.facebook.com/hohotransport
HP : http://www.hohotransport.com/
ဆက်သွယ်ရေးကုမ္ပဏီကြီးများရဲ့ကြိုးစားမှုကြောင့် အင်တာနက် အမြန်နှုန်းက ယခင်ထက်စာလျှင် ပိုမိုကောင်းမွန်လာတယ်လို့ ယူဆရပါတယ်။ဒီအချိန်မှာ ယခုလို ခရီးသွားလုပ်သားပြည်သူများအတွက် အကျိုးရှိစေနိုင်သော Application များကို မြန်မာ့လူငယ်များအား အားကြိုးမာန်တက်ကြိုးစားပြီး ဖန်တီးနေခြင်းမှာ ဝမ်းသာစရာ သတင်းတစ်ခုဖြစ်ပါတယ်။
Credit>>>Chelmo

No comments:
Post a Comment