ရုရှားမှာ အိမ်ထောင်ရှိ ပြီးသား ပြည့်တန်ဆာတွေ ဈေးပိုရနေတယ်လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ သာမန် မဟုတ်တဲ့ ပြည့်တန်ဆာ လုပ်ကိုင်နေတဲ့ နေအိမ်ကို သတင်းအရ ၀င်ရောက် စီးနင်းရာ ထူးထူးခြားခြား လုပ်ကိုင်နေတာ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ ပါတယ်။ ရုရှားမှာ သာမန် ပြည့်တန်ဆာ တစ်ဦးဟာ ပေါင်(၄၀) သာတွေ ရရှိပေမယ့် အိမ်ထောင်ရှင် ပြည့်တန်ဆာရရှနေတဲ့ ငွေကြေးက ပေါင် (၂၄၀) အထိရှိတယ်လို့ ဆိုထား ပါတယ်။
ဒီလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ပြည့်တန်ဆာ ခေါင်းကိုတော့ ရဲတပ်ဖွဲ့ က ဖမ်းဆီးမိခြင်း မရှိ ပါဘူး။ ပြည့်တန်ဆာခေါင်းဟာ ထူးခြားတဲ့ အစီအစဉ်နဲ့ ဧည့်သည်တွေကို စည်းရုံးခဲ့တာ ဖြစ်ပါတယ်။ သူ့ဆီမှာ ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်သူဟာ အိမ်ထောင်ရှိကြောင်း သက်သေ ပြသရမှာဖြစ်ပါတယ်။ လာရောက် ပျော်ပါးသူ ကလည်း ဇနီးရှိပြီး သားသူ ဖြစ်ရမယ်လို့ ဆိုထား ပါတယ်။ အိမ်ထောင်ရှိ ပြီးသား ပြည့်တန်ဆာတွေဟာ သာမန် ပြည့်တန်ဆာတွေထက် ဈေးခြောက်ဆထက် ပိုရနေသလို ဧည့်သည်တွေ အနေနဲ့ အပိုငွေ တွေလည်း ပေ လေ့ ရှိပါတယ်။
ရဲတပ်ဖွဲ့ က ဖမ်းဆီးရာမှာ အခန်း ခုနစ်ခန်းထဲမှာ လုပ်စားနေတာ ဖြစ်ပြီး စုစုပေါင်း (၁၁) ဦးကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ပြည့်တန်ဆာခေါင်း ကတော့ လွတ်မြောက်သွားခဲ့ ပါတယ်။ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဒီနေရာမှာ အလုပ်လုပ်တဲ့ ပြည့်တန်ဆာတွေပာာ အိမ်ထောင် ရှိကြောင်း သက်သေ အထောက်အထားပြ ရကြောင်း၊ နောက်ကွယ်မှာ အဓိက ကြိုးကိုင်သူ ကတော့ လွတ်မြောက်သွားကြောင်း ဆိုခဲ့ပါတယ်။ အိမ်ထောင်သည် ပြည့်တန်ဆာ တွေပာာ ရုရှားနိုင်ငံရဲ့ ဥပဒေအရ ပေါင် (၅၀) သာ ဒဏ်ရိုက်ခံရ နိုင်ပေမယ့် အိမ်ပြန်ရောက် တဲ့အခါ ခင်ပွန်း ဖြစ်သူနဲ့ အချင်းမများအောင် ကြိုးစား သွားရမှာ ဖြစ်ပါတယ်။
Credit>>>Phoethudaw

No comments:
Post a Comment