ရန်ကုန် တစ်မြို့ လုံး ၃ နှစ် စီမံကိန်း နဲ့ မြေအောက် Cable ကနေ Fiber Internet Connection အတွက် အလုပ် လုပ်နေကြတဲ့ ပုံလေးတွေပါ .... ။
====================================================
လက်ရှိမှာတော့ ... ပြည်လမ်း ကနေ ပါရမီလမ်း မီးပွိုင့် အထိ Cable လမ်းကြောင်းတွေ ဖောက်လုပ်ခဲ့တာ .. ဒီနေ့မှာ ဆိုရင်တော့ .. ဘုရားလမ်း (ပါရမီ စိန်ဂေဟာ မီးပွိုင့်ထောင့် ၊ ကျွန်တော်တို့ ဆိုင်ရှေ့ ) ထိတောင် ရောက်နေပါပြီ .. ။
တစ်ဖက်ကလည်း အုတ်ကျင်း ဘူတာရုံ လမ်း က စပြီး ရန်ကုန် အင်းစိန် လမ်း အတိုင်း ရန်ကုန် ဘက် သွားတဲ့ လမ်း ကို လမ်းပြောင်းပြန် Cable မြှပ်ဖို့ လမ်းပြန် တူးလာတာ ... ဒီနေ့ညမှာ .. အပေါ် က ဆင်းလာတဲ့ အဖွဲ့နဲ့ သွားပြီး ဆုံနေပါပြီ .။
အနည်းငယ် မေးမြန်း ကြည့်ရသလောက်ကတော့ ... ၃ နှစ် စီမံကိန်း ရေးဆွဲထားတာ ဖြစ်ပြီးး Company နာမည် တစ်ခုတော့ ပြောပါတယ် .. ။ ကျွန်တော် မမှတ်မိတော့လို့ မဖော်ပြလိုက်နိုင်ပါဘူး .... ။
ဘာပဲ ဖြစ်ဖြစ် .. အင်တာနက် ကွန်နက်ရှင် ဒီ့ထက် အဆပေါင်း များစွာ ကောင်းလာနိုင်တဲ့ အလားအလာ ရှိတဲ့ အပြင် ကျွန်တော်တို့ ဆိုင်ရှေ့ တည့်တည့်မှာလည်း သွယ်တန်း နေတာမို့လို့ ... ဒီ စီမံချက်လေးများ ပြီးသွားရင် .. သင်တန်းမှာ Fiber Cable လေးနဲ့ အင်တာနက် သုံးနိုင်မလား ဆိုတာ ....
ဒီ စီမံ ကိန်းနဲ့ ပတ်သတ်ပြီး သိရှိထားသူများ လည်း ၀င်ရောက် အကြံပေး ရေးသား ပေးကြပါဦး ခင်ဗျာ.... ။
Credit>>>The Last Mobile (Service & Training Centre)

No comments:
Post a Comment