အမေရိကန် နိုင်ငံ၊ အရီဇိုးနားပြည် နယ်မှာနေထိုင်တဲ့ အသက်(၂၄)နှစ်အရွယ်ရှိ ပီတာဆန်ဟာ (၂၅) မိနစ်အတွင်း ဆယ်လ်ဖီး ဓာတ်ပုံ (၁၄၄၉)ပုံကို ရိုက်ကူးခဲ့ပါတယ်။ ဒါဟာ စံချိန်တစ်ရပ်ဖြစ်ခဲ့ပြီး အချိန်တိုအတွင်း ဆယ်လ်ဖီး ဓာတ်ပုံ အများဆုံး ရိုက်နိုင်သူ အဖြစ် မှတ်တမ်းဝင်သွားခဲ့ ပါတယ်။
ပီတာဆန်ဟာ ကျောင်းသားတွေရဲ့ အကူအညီကို ရယူပြီး အားကစား ခန်းမမှာ ဆယ်လ်ဖီး ဓာတ်ပုံတွေ ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ ဓာတ်ပုံတစ်ပုံကို နှစ် စက္ကန့်အတွင်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပီတာဆန်ဟာ ယခင်စံချိန် ဖြစ်တဲ့ အခြား(၆၇၅)ပုံ ရိုက်ကူးနိုင်မှုကို စံချိန်ချိုးခဲ့တာ ဖြစ်ပါတယ်။ ဆယ်လ်ဖီး ယဉ်ကျေးမှုဟာ ကမ္ဘာမှာ ပျံ့နှံ့ နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း လူပေါင်း (၁၁၅၁)ဦးဖြင့် ဆယ်လ်ဖီး ဓာတ်ပုံ ရိုက်ကူးပြီး လူအများဆုံး ပါဝင်တဲ့ ဆယ်လ်ဖီး ဓာတ်ပုံ ရိုက်ကူးမှု အဖြစ် စံချိန်တင်ခဲ့ဖူး ပါတယ်။

No comments:
Post a Comment