Tuesday, February 10, 2015

အသက်ကြီးလာတဲ့ အခါမှာ ပျော်ရွှင်စရာတွေ လျော့နည်းလာပါတယ်



ကလေးဘဝ အရွယ်နဲ့ အခုနဲ့တောင် မတူပါဘူး။ သိသိသာသာ ပျော်ရွှင်စရာတွေ
လျော့နည်းလာပါတယ်။ စိတ်ဖိစီးမူတွေ များလာတယ်။ စဉ်စားစရာတွေ များလာတယ်။ စီးပွားရေး၊ လူမူရေး၊ ပညာရေး၊ မိသားစုနှင့် အချစ်ရေးတွေ အတွက် ဦးနှောက်ကို များစွာ အလုပ်လုပ် နေကြရပါတယ်။

တစ်ချို့က ပျော်ပျော် နေတတ်ပေမယ့်လည်း တစ်ချို့ကတော့ မနေတတ်ပါဘူး။ အခက်
အခဲတွေ များစွာကို ရင်ဆိုင် တိုက်ပွဲ ဝင်နေကြရတယ်။ ဒီနေ့ ပျော်ပေမယ့် နောက်နေ့
စိတ်ညစ် ရပြန်တယ်။ တဖြည်းဖြည်းနှင့် ပျော်ရွှင်မူ ရှားပါး လာပါတယ်။
ပျော်ရွှင်မူတွေကို ရနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကြတယ်။

သို့ပေမယ့် လည်း ထင်သလောက် မရရှိကြဘူး။ ပျော်ရွှင်အောင် တစ်ချို့ကတော့ ငွေကိုပဲ အားစိုက် ရှာဖွေကြတယ်။ ငွေတွေ ရလာပေမယ့်လည်း တကယ်တန်း ပျော်ရွှင်မူကို မရရှိကြဘူး။
တဖြည်းဖြည်းနဲ့ အသက်အရွယ်တွေ ကြီးရင့် လာခဲ့တယ်။ ပျော်ရွှင်မူတွေလည်း တစ်စ
တစ်စ နည်းပါးလာခဲ့ပါတယ်။

တကယ်တန်း စိတ်ကို ပျော်ရွှင်စေ တာကတော့ -
တစ်ပါးသူ အပေါ် အကောင်းမြင်တဲ့ စိတ်၊ မေတ္တာ ဂရုဏာတွေ ရှိတဲ့သူက အမြဲတန်း ပျော်ရွှင်ပါလိမ့်မယ်။

No comments:

Post a Comment