Monday, February 2, 2015

ကလဲ့စားချေဖို့အတွက် စေ့စပ်ထားတဲ့ချစ်သူရဲ့ ၂ နှစ်သမီးအား သတ်ပစ်ခဲ့တဲ့ အမျိုးသမီး



Texas ပြည်နယ် Plano မြို့မှ အသက် ၂၅ နှစ်ရှိ Melinda Lynn Muniz ဆိုသူ အမျိုးသမီးဟာ သူမနဲ့ စေ့စပ်ထားတဲ့ အမျိုးသားရဲ့ ၂ နှစ် အရွယ်သမီးလေးကို အသက်ရှူမွန်းကျပ်အောင် လုပ်ကာ အသေသတ်ပြီးနောက် အစအန ဖျောက်ဖို့  စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမယ့် စုံစမ်းစစ်ဆေးမှုဆောင်ရွက်နေစဉ် အတောအတွင်းမှာပဲ စုံထောက်တွေ သိရှိခဲ့တာဟာ အဝတ်စဖြင့် ပြုလုပ်ထားတဲ့ တိပ်ကြိုးပြား၊ ဇစ်ဆွဲ နက်ခ်ကတိုင်၊ မီးဖိုချောင်သုံး ကိုက်ကြေးနဲ့ ဂွမ်းဖတ်တွေကို Muniz ဝယ်ယူခဲ့တယ်ဆိုတာပါပဲ။ ဒါကို လုံခြုံရေး ကင်မရာကနေတဆင့် ရဲကို ခေါ်ဆိုမှု မပြုခင်လေးမှာတွေ့ရှိခဲ့ကြတာပါ။
အဲဒီပစ္စည်းတွေ သွားဝယ်တဲ့အချိန်မှာ ကလေးကိုပါ ခေါ်သွားခဲ့တယ်လို့ Plano ရဲတပ်ဖွဲ့ဌာနမှ Davi Tilley က ဆိုပါတယ်။
ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းကတော့ သူမဟာ သူမရဲ့ Trainer တစ်ဦးဆီကို sexy ဖြစ်တဲ့ ဓာတ်ပုံတွေ ပို့ပေးနေတာကို သူမနဲ့ စေ့စပ်ထားတဲ့ ကလေးရဲ့ဖခင် Ford တွေ့ရှိပြီးတဲ့နောက် သူမနဲ့ အကြီးအကျယ် ရန်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ Ford က Muniz နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ခုလို ကလေးကို သတ်တာဟာ ဒါကို မကျေနပ်လို့ ကလဲ့စားချေတာလို့ သတ်မှတ်လို့ရပါတယ်။


Credit>>>Trend Myanmar

No comments:

Post a Comment