Friday, February 6, 2015

နေ့စဉ် ဘက်စ်ကားနဲ့ အလုပ် သွားလာတာကို ကိုယ်တိုင် အတွေ့အကြုံ ယူနေတဲ့ ဗြိတိသျှသံအမတ်ကြီး အင်ဒရူး ပတ်ထရစ်






ရန်ကုန်မြို့နေလူထု နေ့စဉ် ဘက်စ်ကားနဲ့ အလုပ် သွားလာတာကို ကိုယ်တိုင် အတွေ့အကြုံ ယူဖို့ ဗြိတိသျှသံအမတ်ကြီး အင်ဒရူး ပတ်ထရစ်က မြောက်ဥက္ကလာပကနေ ဆူလေမှတ်တိုင်အထိ ဘက်စ်ကား စီးခဲ့ပါတယ်။
-
"ဗြိတိသျှသံရုံးမှာ အလုပ်လုပ်တဲ့ ၀န်ထမ်း အများစုက ရုံးနဲ့ ဝေးတဲ့နေရာကနေ လာကြရတယ်။ ဒါကြောင့် ကျွန်တော်လည်း သူတို့ ရုံးကို နေ့တိုင်း ဘယ်လို လာသလဲလို့ သိချင်မိတယ်။ ဘက်စ်ကားတွေက တော်တော် ဟောင်းတာ သတိထားမိတယ်။
-
ဒါတွေ မကြာခင် ပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါတယ်။ ဘတ်စ်ကားပေါ်မှာ ခရီးသွားတွေနဲ့ စကားပြောရတာ သိပ်ကောင်းပါတယ်။ ဒေသခံတွေ အနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို သူတို့ ဘယ်လိုမြင်တယ် ဆိုတာ သိရတာ အမြဲတမ်း စိတ်ဝင်စားစရာ ကောင်းပါတယ်" လို့ သံအမတ်ကြီးက ပြောပါတယ်။
============
 
 Credit>>>Foreign Office news on Burma

No comments:

Post a Comment