Friday, February 6, 2015

အရေပြားထိန်းသိန်းခြင်း အခြေခံအဆင့် (၄)ဆင့်



1. Cleaning
................

 

သင့်ရဲ့အရေပြားနဲ့ကိုက်ညီတဲ့ Cleaner တစ်ခုကို
ရွေးချယ်ပါ။ စတိုးဆိုင်ကြီးတစ်ခုမှာ ကိုယ်နှစ်သက်တဲ့
Brand တစ်ခုကိုရွေးပါ။ အရေပြားခြောက်သွေ့တဲ့
ဆပ်ပြာနဲ့တော့ မျက်နှာသန့်စင်ဖို့ မလုပ်နဲ့နော်။
ပြင်သစ်အလှကုန် 'Beauty' အမှုဆောင်အရာရှိချုပ်
Rona Bag ပြောတာကတော့
"ဆပ်ပြာကို လည်တိုင်ကနေ အောက်ခြေအထိသာ
သုံးသင့်ပါတယ်တဲ့"။ ကျွန်မတို့ သဘောတူပါတယ်။
သင်ဟာ ခြောက်သွေ့တဲ့အရပြားပိုင်ရှင်ဆိုရင်
"Creamy Cleaner" ကို ရွေးချယ်ပါ။
ဒါမှမဟုတ် အဆီပြန်တဲ့အသားအရေပိုင်ရှင်ဆိုရင်တော့
"Clear Cleaner" ကိုရွေးချယ်ပါ။
တစ်နေ့တည်းမှာ ကြိမ်ဖန်များစွာ Cleaning မလုပ်ဖို့တော့
သတိပြုဖို့လိုမယ်နော်။ ညဘက်မှာ မျက်နှာသန့်စင်
ဆေးကြောတာတော့ လုပ်သင့်ပါတယ်။
Cleaner ကို Cotton Pad ထဲထည့်ပြီး မျက်နှာကိုသုတ်လိုက်ပါ။
ရေမလိုအပ်ပါဘူး။ အမျိုးသမီးအများစုကတော့
ရေနဲ့ မျက်နှာသန့်စင်တဲ့နည်းကို ပိုနှစ်သက်ကြပါတယ်။
ပါးပြင်ပေါ်မှာရှိတဲ့ အညစ်အကြေးကြောင့် ပိတ်နေတဲ့
ချွေးပေါက်လေးတွေ သန့်စင်စေဖို့ ရေကျက်နွေးကိုသုံးပြီးလည်း
မျက်နှာသန့်စင်နိုင်ပါတယ်။ Make-up ဖျက်ချင်ရင်တော့
သင့်တော်တဲ့ Make-up Remover (မိတ်ကပ်ဖျက်ဆေး)
သုံးနိုင်ပါတယ်။ မနက်ပိုင်းမျက်နှာသန့်စင်တဲ့အခါ
ရေကျက်နွေးကိုသာ သုံးသင့်ပါတယ်။
ရေနွေးပူနှင့် ရေအေးနှင့် မနက်ပိုင်းတွင်
မျက်နှာသန့်စင်ပါက ဆံချည်သွေးကြောမျှင်တွေ
ပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် ကြိမ်ဖန်များစွာ
Cleaning မလုပ်ဖို့ ထပ်မံသတိပေးပါရစေ။


2. Exfoliation
...................

လူတော်တော်များများက အပတ်စဉ်ပြုလုပ်ရမယ့်
အရေပြားဆဲလ်ဟောင်းနှင့် ဆဲလ်သေတွေကို
ပြန်လည်ရှင်သန်စေအောင် Exfoliation လုပ်ရတယ်ဆိုတာကို
မေ့နေပါတယ်။ သင် Exfoliation စပြီးတော့
မှန်မှန်လုပ်မယ်ဆိုရင် သင့်ရဲ့အရေပြား ရုတ်တရက်
ချက်ချင်းပြေားလဲသွားတာတွေ့ရပါမယ်။
ကျွန်မပြောတာကို ယုံကြည်လိုက်ပါ။
Berg ရဲ့ အပြောအရဆိုရင် ယေက်ျားလေးတွေဟာ
မိန်းကလေးတွေထက် ပိုပြီးနုရွယ်ကြပါတယ်။
ဘာလို့လဲဆိုတော့ သူတို့မုတ်ဆိတ်ရိတ်တဲ့အချိန်မှာ
တစ်ချိန်တည်း Exfoliation လုပ်ဖြစ်တာမို့ပါ။
အရေပြားကို Exfoliation လုပ်မယ့်နည်းလမ်းများစွာရှိပါတယ်။
သဘာဝသစ်သီးအခွံနဲ့ပဲဖြစ်ဖြစ် Vitamin A ဖြစ်ဖြစ်၊
Micro Dermabianon နဲ့ဖြစ်ဖြစ် ကုန်ကျစရိတ်
သက်သက်သာသာနဲ့ လုပ်နိုင်ပါတယ်။

• Scrubs

အရေပြားသန့်သင်တောက်ပဖို့ အရေပြားမှာရှိတဲ့
အပေါ်ယံဆဲလ်သေတွေကိုဖယ်ရှားဖို့ ချေးချွတ်သန့်စင်ခြင်းက
လုပ်ဆောင်ပါတယ်။
တစ်ပတ်တစ်ခါလုပ်ရင် တစ်နှစ်ကြာတဲ့အခါ
ဝင်းမွတ်သန့်စင်သော အရေပြားပိုင်ရှင်ဖြစ်နေတာကို
သင်တွေ့မှာပါ။ သေးငယ်တဲ့ ကောက်ပဲသီးနှံအမျှင်ဓာတ်ရတဲ့
ချေးချွတ်သန့်စင်ဆေးကိုအသုံးပြုရင် အကောင်းဆုံးပေါ့။
အပေါစား Big Grain ကထုတ်တဲ့ Scrub တွေက
ကောင်းတာထက် ဆိုးတာကများပါတယ်။
သဘာဝသစ်သီးသစ်ဥကထုတ်ယူထားတဲ့
သင်တတ်နိုင်တဲ့ငွေကြေးနဲ့ ၀ယ်ယူရနိုင်တဲ့
ချေးချွတ်ဆေးကိုလည်း အလှကုန်ကောင်တာတွေမှာ
ရှာဖွေနိုင်ပါတယ်။ Reina-A ကလည်း
အရေပြားဆဲလ်သေတွေဖယ်ရှားဖို့ ကော်လဂျင်အသစ်
မွေးဖွားပေးစေပါတယ်။ "ကော်လဂျင်ဟာ အရေပြားရဲ့
အမျှင်ဓာတ်တည်ဆောက်ပုံဖြစ်ပါတယ်။"
အရေပြားအထူးကု Dennis Gwss က
"O" Magazine မှာပြောတာက အသက်အရွယ်ရလာတဲ့အခါမှာ
အရေးကြောင်းတွေ အစက်အပြောက် အမဲစက်တွေအတွက်
Toner သုံးသင့်ပါသလား။
လူတော်တော်များများဟာ Toner အသုံးတည့်တာ သိကြပါတယ်။
ဒါပေမယ့် အလှအပဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေပြောတာက
Toner ဆိုတာ မိတ္တူကူးစက်ပါတဲ့။
မိတ်ကပ်အညစ်အကြေးနဲ့ အဆီပြန်မှုအတွက်
Toner ကို သုံးပါတယ်။ သင်ဟာ Toner ကိုသုံးလို့
သင့်ရဲ့စိတ်ထဲမှာ ကျေနပ်နှစ်သက်မှုရရှိရင်တော့
ဝယ်ပြီးသာသုံးလိုက်ပါ။

3. Moisturizer
....................

မလှအပအယ်ဒီတာတစ်ယောက်ပြောတာက
အဆိပြန်တဲ့အသားအရေဟာ Toner မလိုပါဘူးတဲ့။
ဒါပေမယ့် အလှအပ အခြခံစည်းမျဉ်းကတော့
လယ်လိုအသားအရေမျိုးမဆို Moisturizer ကိုသုံးတဲ့
အကျိုးရလဒ်ကို ခံစားရမှာပါ။
ဘာကြောင့်လဲဆိုတော့ Moisturizer က အရေပြားမှာရှိတဲ့
အစိုဓာတ်ကို ထိန်းညှိပေးပါတယ်။
ဒါဆို အစိုဓာတ် ဘယ်လောက်ထိလိုအပ်သလဲ။
သင့်ရဲ့အရေပြားက သင့်ကိုပြောပြပါလိမ့်မယ်။
သင့်အရေပြားခြောက်သွေ့ရင်တော့
Moisturizer က သုံးမှဖြစ်ပါမယ်။
တန်ဆေးလွန်ဘေးဆိုသလိုပဲ Moisturizer ကို
အသုံးပြုမှုများရင် ချွေးပေါက်တွေကို ပိတ်စေမှာပါ။

4. Sun Cream
....................

အရေပြားလှပမှုအတွက် အဓိကအရေးအကြီးဆုံး
လိုအပ်ချက်နစ်ခုက Sun Cream ပါပဲ။
ဒါက မေမေကနေ သမီးကို လက်ဆင့်ကမ်း
ပြောပြပေးရမှာဖြစ်ပါတယ်။


Credit>>>NNO Myanmar

No comments:

Post a Comment