တစ်နေ့မှာ၂၄ နာရီပတ်လုံး အလုပ်တွေလုပ်နေတယ်။
မနက်ဆို ကျွန်မတို့ နိုးထဖို့ နာရီနှိုးစက်လေးပေါ့။
စားစရာတွေ ချက်ပြုတ်စီစဉ် ပေးတယ်။
အိမ်မှုကိစ္စတွေ မငြီးမငြူ လုပ်တယ်။
ဆရာတစ်ယောက်လိုပဲ သိသင့်သိထိုက်တာတွေ သွန်သင်ဆုံးမတယ်။
နေမကောင်းတဲ့အခါ သူနာပြုတစ်ယောက်လို ပြုစုပေးတတ်တယ်။
အပြင်သွားတဲ့အခါ ဒရိုက်ဘာတစ်ယောက်လို ကားကြီးမောင်းလို့ပေါ့။
ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်လုံခြုံမှုတွေပေးတယ်။
လိုအပ်တဲ့အခါ အကြံညဏ်တွေ ပေးတတ်တဲ့ အကြံပေးအရာရှိကြီးလိုပဲ။
နာကြင်စရာတွေ ကြုံတွေ့လာခဲ့ရင် နှစ်သိမ့်ပေးတဲ့ ရင်ခွင်တစ်ခု ဖြစ်နေပြန်ရော။
သူမမှာ အားလပ်ရပ် ဆိုတာမရှိဘူး။
နေ့မနား ညမအား အလုပ်တွေနဲ့ပြည့်လို့ပါ။
ဒီပေးဆပ်မှုတွေ အတွက် ဘာကိုမှ ပြန်မမျှော်လင့်ဘူး။ ကျွန်မတို့ရဲ့အနမ်းတွေ၊ ကြင်နာစွာ ပွေ့ဖက်မှုတွေနဲ့ ကျေနပ်နေသူပေါ့။
အဲဒါကတော့ ကျွန်မတို့အားလုံး ရဲ့ တုနှိုင်းမရသော ချစ်မေမေ ပါပဲ။
Credit>>>ဂန္တ၀င်

No comments:
Post a Comment