သူ့အင်တာနက် စွဲလန်းမှုကို ကုသတဲ့အနေနဲ့ သူ့လက်ကိုဖြတ်ပြီးတဲ့နောက် အထူး
ဂရုစိုက်စောင့်ရှောက်မှုခံယူနေရတဲ့ အသက် ၁၉ နှစ် ရှိသူတစ်ဦးက
ပြန်လည်နာလန်ထူလာနေပြီဖြစ်တယ်။
တရုတ်နိုင်ငံ Nantong ဒေသက
အဲဒီဆယ်ကျော်သက်ဟာ သူ့ဘယ်ဘက်လက်ကိ ဖြတ်ဖို့ မီးဖိုချောင်သုံး ဓားတစ်လက်ကို
အသုံးပြုခဲ့တာပါ။ မိဘတွေမသိအောင် အိမ်ကနေ ထွက်လာခဲ့ပြီး
အများပြည်သူထိုင်တဲ့ ခုံတန်းလျားတစ်ခုပေါ် ထိုင်နေချိန်အတွင်း သူ့လက်ကို
ဖြတ်တောက်ခဲ့ပါတယ်။
ဆရာဝန်တွေအနေနဲ့ လက်ကို
ပြန်ဆက်ပေးနိုင်ခဲ့ပေမယ့် နဂိုအတိုင်းပြန်သုံးလို့ ရမရကိုတော့
စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ Daily Mail မှ ရေးသားဖော်ပြထားပါတယ်။
ဒီဟာက
ကိစ္စကြီးကြီးမားမား တစ်ခုဖြစ်နေတဲ့အချိန်မှာ ခန့်မှန်းခြေ ကလေး
အင်တာနက်စွဲလန်းနေသူ ၂၄ သန်းရှိတဲ့နေရာဖြစ်တဲ့ Wang ရဲ့ ဇာတိမြေ
တရုတ်နိုင်ငံမှာ အင်တာနက်ကို အရူးအမူးစွဲလန်းတာ အထူးအဆန်း တစ်ခု
မဟုတ်တော့ပါဘူး။ Wang မိဘတွေအနေနဲ့ သူ့လုပ်ရပ်ကို အရမ်းအံ့သြခဲ့ကြပါတယ်။
“ဒီအဖြစ်အပျက်ကိစ္စကို လက်မခံနိုင်ဘူး။ လုံးဝမျှော်လင့်မထားမိဘူး။ သူက
တော်တဲ့ ကလေးတစ်ယောက်ပါ” လို့ သူ့မိခင်က ပြောဆိုခဲ့တယ်။
Credit>>>ဖိုးသူတော်
Wednesday, February 4, 2015
ဗဟုသုတ
Home
/
နိုင်ငံတကာ
/
ဗဟုသုတ
/
အင်တာနက် စွဲလန်းတဲ့ အကျင့်ဆိုးဖျောက်ဖို့ မိမိလက်ကို ဖြတ်ပစ်ခဲ့တဲ့ ဆယ်ကျော်သက်
အင်တာနက် စွဲလန်းတဲ့ အကျင့်ဆိုးဖျောက်ဖို့ မိမိလက်ကို ဖြတ်ပစ်ခဲ့တဲ့ ဆယ်ကျော်သက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment