အချစ်ရေး

ချစ်သူများနေ့ကို
တစ်ကမ္ဘာလုံးက ဘာကြောင့် တန်ဖိုးထားကြသလဲဆိုတာ စဉ်းစားကြည့်ဖူးပါသလား။
အခြားနေ့တွေနဲ့ မတူညီ ထူးခြားတဲ့ အဲဒီနေ့ထူးနေ့မြတ်ဟာ pop ယဉ်ကျေးမှု၊ TV
showတွေ၊ မဂ္ဂဇင်းတိုက်တွေနဲ့ အင်တာနက် ဝက်ဆိုက်တွေအတွက် ထင်ပေါ်ကျော်ကြားမှု
ပိုရလာဖို့ အခွင့်ကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီအားလပ်ရက်ကို
ထူးခြားမှုဖြစ်လာအောင် မီဒီယာထုကြီးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေက
လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ကို အကြီးအကျယ် လွှမ်းမိုးပြီး
အများတကာရဲ့အတွေးအမြင်ကို ပြောင်းလဲ ပုံဖော်ပေးလိုက်တာပါ။ အကျိုးရလဒ်
တစ်ခုအနေနဲ့ အများစုက ဒီရက်ကို အရေးပါတဲ့၊ အထိမ်းအမှတ်ဖြစ်စေတဲ့
အားလုပ်ရက်အဖြစ် မှတ်ယူကြတယ်။ ဒါပေမယ့် ဒီရက်ကို နှစ်သက်သဘောကျခြင်းမရှိတဲ့
တစ်ကိုယ်ရေ တစ်ကာယသမား အများအပြားရှိကြပါတယ်။ လူမှုမီဒီယာတွေက Valenday’s
Day ရဲ့ အရေးပါမှု အကျယ်ချဲ့လွန်းကြတယ်လို့ သူတို့ပြောဆိုကြပါတယ်။ နောက်ပြီး
သူတို့ရဲ့အမြင်မှာတော့ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ
ရှိနေခဲ့ကြပါတယ်။ ယုံကြည်ဖို့ ခက်ခဲပေမယ့် Valentine’s Day ရဲ့မကောင်းတဲ့
အချက်တွေအကြောင်း ပြောပြရရင်တော့
(၁) အဲဒီရက်က စီးပွားရေးသမားတွေအတွက် အခွင့်ထူးရတဲ့နေ့ဖြစ်ပါတယ်။
ကုမ္ပဏီတွေက နှစ်စဉ်နှစ်တိုင်း valentine ကတ်၊ အရုပ်တွေ၊ စတစ်ကာတွေနဲ့
တခြား စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ များစွာ ဖန်တီးကြတယ်။ ခုနောက်ပိုင်း
ဆို ချစ်သူများနေ့မှာ ပျော်ရွှင်မှုရနိုင်ဖို့ စီးပွားရေးသမား တစ်ဦးဖြစ်ဖို့
သင်ယူရမလိုဖြစ်နေပါတယ်။
(၂) အားနည်းပြီး သိပ်မတည်ငြိမ်တဲ့
သမီးရည်းစားဆက်ဆံရေး အခြေနေတွေမှာ ရောက်နေကြတဲ့ ချစ်သူစုံတွဲတွေဟာ
ဒီရက်အတွင်း ဂရုစိုက်မှု၊ ရင်းနှီးမှုနဲ့ ကြည်နူးဖွယ် အချစ်ရေးတွေ
ကွယ်ပျောက်နေတတ်ကြပါတယ်။
(၃)ချစ်သူများနေ့ကို အရမ်း တန်ဖိုးထားကြတဲ့ သူတွေဟာ အနည်းငယ်ပုဂ္ဂိုလ်ရေးဆန်သလို
ရှိကြပါတယ်။ သူတို့စီးပွားရေးအတွက်ပဲ စဉ်းစားကြပြီး သူတို့ဝင်ငွေတိုးဖို့
ရေပန်းစားမှု ရရှိဖို့သာ ရှာနေကြပါတယ်။ သူတို့ရဲ့ ဒီလိုလုပ်ရပ်တွေ၊
မျက်စိနောက်စရာကောင်းတဲ့ ကြော်ငြာတွေကြောင့် တစ်စုံတစ်ယောက်ကို
စိတ်ဓာတ်ကျစေကာ ၀မ်းနည်းစေတာကိုတော့ သူတို့မသိ နားမလည်ခဲ့ကြပါဘူး။
(၄) ချစ်သူများနေ့ကို နိုင်ငံတိုင်းမှာ ကျင်းပကြပါတယ်။ ချစ်သူများနေ့ရဲ့ သင်္ကေတအမှတ်အသားတွေ နေရာတိုင်းမှာရှိနေတဲ့အတွက်
ချစ်သူများနေ့ကို မေ့ချင်ယောင်ဆောင် ခုန်ကျော်လို့ မရပါဘူး။
ရှိရှိသမျှအရာကို ပန်းနုရောင် ဖဲကြိုးတွေ၊ အနီရောင် အသည်းနှလုံးတွေ၊
အချစ်ကဗျာတွေနဲ့ ဆင်မြန်းထားကြပါတယ်။
(၅) ချစ်သူများနေ
့ရောက်လာပေမယ့် ကိုယ့်ချစ်သူအတွက် လက်ဆောင်လှလှလေးလည်း မပြင်ဆင်ထား၊ သူနဲ့
ညအပြင်ထွက်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင် သူတို့ကို စိတ်အနှောင့်ဖြစ်အောင်
လုပ်ရာ ရောက်သွားနိုင်ပါတယ်။ အဲဒီလိုလုပ်တာဟာ မရိုးသားတာ၊ အဓိပ္ပါယ်မရှိတဲ့
လုပ်ရပ်တွေဖြစ်စေနိုင်ပါတယ်။
Credit>>>Myanmar International News
No comments:
Post a Comment