Sunday, February 1, 2015

သင့်ကိုသင် ကိုယ်တိုင်မနှစ်သက်တဲ့လူဖြစ်အောင် အလွယ်တကူ ပုံစံပြောင်းလိုက်မိပါစေနဲ့


တချို့က သင့်ကိုကြမ်းကြမ်းတမ်းတမ်း ကဲ့ရဲ့လှောင်ပြောင်တယ်
ဒါကို သင်က သူ့မကောင်းကြောင်းပြောပြီး ချက်ချင်းတုန့်ပြန်တယ်။

တချို့က အကြောင်းပြချက်မရှိဘဲ သင့်ကိုကြည့်မရဘူးလို့ဆိုတယ်
ဒါကို သင်က ပမာမခန့်နဲ့ သူ့ကိုအထင်သေးကြောင်း ချက်ချင်းတုန့်ပြန်တယ်။

တချို့က သင့်ရှေ့မှာ ကိုယ်ရည်ကိုယ်သွေးထုတ်ပြီး ကြွားဝါတယ်
ဒါကို သင်က သင်လည်းမခေသူဖြစ်ကြောင်း ဆတိုးပြီး ကြွားဝါပြတယ်။

တချို့က သင့်ကို အေးစက်လျစ်လျူရှုတယ်
ဒါကို သင်က သူ့ကိုဥပေက္ခာပြု မိတ်ဖျက်တယ်။

ကြည့်စမ်း . . . သင်မနှစ်သက်တဲ့လူက
သင့်ကို သင်ကိုယ်တိုင်မနှစ်သက်တဲ့လူဖြစ်အောင် အလွယ်တကူ ပုံစံပြောင်းလိုက်နိုင်ခဲ့ပြီ။
ဒါဟာ သင့်ကိုအကြီးအကျယ်ထိခိုက်နစ်နာစေလိုက်တဲ့ သူတို့ရဲ့အောင်ပွဲပေါ့။



Credit>>နိုင်းနိုင်းစနေ

No comments:

Post a Comment