ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုံ့ ချတာတွေကို လိုက်ပါခံစားပြီး မိမိရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မဖြုန်းတီးလိုက်ပါနဲ့ ။ မိမိကို မလိုလားတဲ့သူတွေကို အချိန်ကုန်ခံပြီး
အချိန်မပေးပါနဲ့ ။ ကျန်လိုလားတဲ့သူတွေအတွက် အချိန်ပိုပေးလိုက်ပါ။ ကဲ့ရဲ့ရှုံ့ ချတာဟာ အဆင့်နိမ့်တဲ့သူက အဆင့်မြင့်တဲ့သူတွေကို ပြုမှူခြင်းသာဖြစ်ပါ
တယ်။ အတ္တစိတ်ရှိသူတွေဟာ ပရစိတ်ရှိသူတွေကို ဝေဖန်ခြင်းသာဖြစ်ပါတယ်။
အမှောင်တွင်သာမြင်ပြီး အလင်းကိုကွယ်နေတတ်သော လူ့ ဇီးကွက်တွေဟာ ကဲ့ရဲ့တတ်တဲ့သူတွေပါ။ ထိုသူတွေကို မိမိက အမုန်းနဲ့ ဘယ်တော့မှ မတုန့် 
ပြန်ပါနဲ့ ၊ အပြုံးနဲ့ တုန့် ပြန်ပါ။ အဆင့်နိမ့်စိတ်ဓာတ်ရှိသူများကို မိမိက တူညီတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်မယ်ဆိုရင် မိမိပါ အဆင့်နိမ့်စိတ်ဓာတ်ကူးဆက်သွား
ပါလိမ့်မယ်။ အဆင့်မြင့်စိတ်နဲ့ ရှင်သန်နေသူတွေဟာ ဘယ်တော့မှ အမုန်းကိုလက်ကိုင်မထားပါ။ အပြုံးနှင့်သာ ရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင်တတ်ကြပါတယ်။

No comments:
Post a Comment